596 - 600

287 31 0
                                    


ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 596 ) ချင်ချင်းရှန်နှင့်တိုက်ပွဲ

"ဒီကညီနောင်၊ ခင်ဗျားကြည့်ရတာ အသက်မကြီးသေးပေမဲ့ မျက်စေ့မှုန်နေပုံပဲ..၊ ‌ဒီပလ္လင်ကို အစောပိုင်းက လက်သည်းကြီးကျဖျက်ဆီးသွားတာ အရှင်းကြီးပဲလေ..။ အဲတာ ကျုပ်နဲ့ ဘာဆိုင်လို့လဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောဆိုပြီးနောက် ဘူးသီးခြောက်ထဲမှ အရက်အနည်းငယ်ကို ထပ်မံ မော့သောက်လိုက်သည်။

သူ့အမူအရာက မထီမဲ့မြင်ရှိကာ တစ်ဖက်လူအမြင်တွင် ရိုင်းစိုင်း၏။

"ပရမ်းပတာတွေ မပြောနဲ့... မင်းကြောင့် အဲဒီ‌လက်သည်းကြီးရောက်လာခဲ့တာ..။ မဟုတ်သေးဘူး... ဒါ မင်းက လျှို့ဝှက်နည်းနဲ့ ပလ္လင်ကို တမင်ဖျက်ဆီးခဲ့တာလို့ ငါသံသယရှိတယ်..။ အခု မင်းကို ငါတို့ဖမ်းရမယ်"
ဦးလေးရှစ်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ပတ်ဝန်းကျင်မှလူများကိုကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။
"ဒီမှာ ပြပွဲကောင်းတစ်ခုရှိသေးတယ်ဗျ..။ ဒါကိုအရင်ကြည့်ကြရအောင်.. ပြီးတော့မှ ကျုပ်အကြောင်းကို ပြောကြတာပေါ့"

ထို့နောက် ထိုင်ခုံတစ်လုံးကိုထုတ်ယူကာ ထိုင်၍ အရက်ကိုမော့သောက်ရင်း အော်လိုက်သည်။

"‌ကောင်းလိုက်တဲ့အရက်..၊ တကယ်အရက်ကောင်းပဲ... ခင်ဗျားတို့သောက်ချင်ရင်တော့ နည်းနည်းရမယ်"
၎င်းက ပတ်ပတ်လည်ကို လှည့်ကြည့်ကာ ပြောလိုက်၏။

"ရူးချင်ယောင်ဆောင်နေတယ်၊ တိုက်ခိုက်ကြ"
ဦးလေးရှစ်က ဟိန်းဟောက်လိုက်သည်။

"သတ်"

"သတ်"

ထိုအခါ အစောင့်များထံမှ အစွမ်းထက်အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းတို့က ဧရာမ လက်ဝါးကြီးတစ်ခုကို ပေါင်းစပ်ဖွဲ့စည်းကာ လူလတ်ပိုင်းအမျိုးသားကို တိုက်ခိုက်လိုက်ကြ၏။

၎င်းက ပေါင်းစပ်တိုက်ခိုက်ရေး နည်းလမ်းတစ်မျိုး ဖြစ်သည်။ ယခုအခါ အစောင့်တစ်ရာက အတူပူးပေါင်းကာ လှုပ်ရှားလိုက်ကြ၏။ ဤတိုက်ခိုက်မှုအောက်တွင် အထွတ်အထိပ်ဘုရင်ပင် ထွက်မပြေးနိုင်ဘဲ တစ်ချက်တည်းဖြင့် ဖိနှိပ်ခံလိုက်ရမည်သာ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now