696 - 700

301 30 4
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 696 ) ကျုံးမိုကို သတ်ဖြတ်ခြင်း

သုံးရောင်ခြယ် နဂါးကြီးက ဟိန်းဟောက်ကာ ကောင်းကင်မှ ပြေးဆင်းသွားခဲ့သည်။

သို့ရာတွင် အဆင့်သုံး ဝိညာဉ်ပင်လယ်ဖြစ်သောကြောင့် ကျုံးမို၏ခွန်အားက အလွန်ကြီးမားသည်။ လက်သီးနှစ်လုံးက လုမင်၏ ကြယ်ပေါက်ကွဲခြင်းလက်သီးကို ဖျက်ဆီးကာ အစစ်အမှန်နဂါးကြီးကိုပင် ပျက်ဆီးသွားစေခဲ့၏။

သို့တိုင် ခဏတာ ပိတ်ဆို့ထားတုန်းခဲ့ပြီး ယင်းက လုမင်အဖို့ လုံလောက်သည်။

လုမင်က သူ့လက်များကို အဆက်မပြတ်ဝှေ့ယမ်းလိုက်သောအခါ ကမ္ပည်းများစွာက သူ့ကိုယ်ပေါ်၌ ချက်ချင်းထွက်ပေါ်လာသည်။

လုမင်က သူ့ကိုယ်ပေါ်တွင် ကမ္ပည်းစာခုနစ်ခုကို ခဏချင်း ရေးထိုးခဲ့၏။

ထိုအထဲတွင် အစစ်အမှန်ယွမ်ချီ ပေါက်ကွဲခြင်းကမ္ပည်း၊ မြန်နှုန်းမြှင့်ကမ္ပည်း၊  ရုပ်ခန္ဓာကြံ့ခိုင်မှုကိုမြင့်မားစေသောကမ္ပည်းနှင့် ကာကွယ်ရေးကမ္ပည်းတို့ပါလေသည်။

ကမ္ပည်းများကို ထည့်ပေါင်းလိုက်သောအခါ လုမင်၏တိုက်ခိုက်နိုင်စွမ်းက တစ်ဖန် တိုးတက်လာသည်။

"သတ်"
အောက်တွင် ကျုံးမိုက မတုံ့ဆိုင်းဘဲ ဟိန်းဟောက်လိုက်၏။

"ခွေးမသား၊ လေထဲမှာ ဘယ်လိုကမ္ပည်းကို မင်းရေးမယ်ဆိုတာ ငါကြည့်စမ်းမယ်"
ကျုံးမိုက လှောင်ပြောင်ကာ လက်သီးချက်ကို ထုတ်ဖော်လိုက်သည်။

သာမန်ကမ္ပည်းသခင်များအဖို့ လေထဲတွင် ကမ္ပည်းရေးထိုးရန် မဖြစ်နိုင်ပေ။  အဆင့်ခုနစ် အစစ်အမှန် ကမ္ပည်းသခင်များသာ လေထဲတွင် ကမ္ပည်းရေးထိုးနိုင်မည် ဖြစ်သည်။

ထိုသို့ပြုရန်က အလွန်ကြောက်စရာကောင်းကာ အစွမ်းထက်သော စိတ်စွမ်းအားရှိရန် လိုအပ်သည်။

လုမင်အနေဖြင့် ဤအဆင့်သို့ မရောက်သေးပေ။ သူက လေထဲတွင် ရေးထိုးနိုင်သော်လည်း မကြာမီပင် ပြန်လည်ပျောက်ကွယ်သွားခဲ့မည် ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now