636 - 640

296 33 1
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 636 ) ဝိညာဉ်ပင်လယ်နယ်ပယ် တန်ခိုးရှင် လှုပ်ရှားလာခြင်း

သို့သော်လည်း လုမင်နှင့် ရှဲ့နျန်ချင်းလည်း အလားတူပင် အံ့ဩသွားရသည်။

လွန်ခဲ့သော လဝက်နှင့်ယှဉ်လျှင် ကူဟွာရှုက များစွာပို၍ ကြောက်စရာကောင်းလာ၏။

၎င်း၏ ကျင့်ကြံခြင်းအခြေခံက အထွတ်အထိပ်ဘုရင်သို့ အမှန်တကယ် ရောက်ရှိသွားခဲ့သည်။ အသုံးပြုသော သိုင်းပညာက ထူးခြားကာ တိုက်ခိုက်နိုင်စွမ်းကလည်း အလွန်ကြောက်စရာကောင်းလာ၏။

တစ်ယောက်ချင်းဆိုပါက လုမင်အတွက် အသာစီးရရန် မဖြစ်နိုင်ပေ။

"ဒီကောင်က ထူးဆန်းနေတယ်"
တန်တန်က ကူဟွာရှုကိုစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"တန်တန်၊ မင်းမြင်နိုင်တာလား"
လုမင် မေးလိုက်၏။

တန်တန်က အလွန်အသက်ကြီးမှန်း လုမင်သိသည်။ ထို့ကြောင့် လုမင်ခံစားနေရသည်နှင့် တူညီနေမလား သူမသိပေ။

"ဒါက ခန္ဓာကိုယ်တစ်ခုကို သိမ်းယူတာနဲ့ ဒီလိုလုပ်ဖို့က လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ တိုက်ဆိုင်မှုနဲ့ အခွင့်အလမ်းတွေလိုတယ်၊ မဟုတ်ရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်"
တန်တန်က ရေရွတ်ပြောဆိုလိုက်သည်။

"ခန္ဓာကိုယ်သိမ်းယူတာလား"
လုမင်ရော ရှဲ့နျန်ချင်းပါ မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်းအကြောင်း သူတို့ ကြားဖူးနားဝတော့ ရှိသည်။

တန်ခိုးရှင်တစ်ဦးအဖို့ ဝိညာဉ်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိသည်နှင့် နတ်ဘုရားဝိညာဉ်ကို သိပ်သည်းနိုင်သည်။ ထိုအခါ ခန္ဓာပျက်ဆီးသွားလျှင်သော်မှ နတ်ဘုရားဝိညာဉ်က ချက်ချင်း မပျက်‌ဆီးတော့ပေ။

ဤနတ်ဘုရားဝိညာဉ်နှင့် ပြန်လည်မွေးဖွားရန်ပင် ဖြစ်နိုင်သည်။

သို့သော် ခန္ဓာကိုယ်သိမ်းယူရန်က မလွယ်ကူပေ။ နတ်ဘုရားဝိညာဉ်ဟာ ခန္ဓာကိုယ်ကို စွန့်ခွာလိုက်သည်နှင့် ကြာကြာမနေနိုင်ပါချေ။ အရေးကြီးဆုံးကတော့ ခန္ဓာကိုယ်တိုင်းကို ပူးပပ်၍ မရခြင်း ဖြစ်သည်။  အကြောင်းမူကား မိမိ၏ စိတ်ဆန္ဒများနှင့် ခန္ဓာကိုယ်၏ အသက်ဥပဒေသများကြောင့်သာ ဖြစ်ချေသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1जहाँ कहानियाँ रहती हैं। अभी खोजें