621 - 625

316 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် (လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 621 )  လျင်မြန်သောတိုးတက်မှု

"ခဏလေး၊ ဝိညာဉ်လက်နက်၊ ဆေးလုံး၊ ဒါတွေမှာ အသန်မာဆုံးက ထိပ်တန်းအဆင့်မဟုတ်လား။ ထိပ်တန်းအဆင့်က ဘယ်လိုလဲ"
လုမင်က ရုတ်တရက်တွေးမိသွားကာ မေးလိုက်သည်။

"ဟမ့်၊ အဲတာကြောင့်ပဲ ဒီကသန့်စင်ခြင်းသခင်တွေက အသုံးမကျဘဲ မင်းရဲ့လှံရှည်ကို အမှိုက်လို့ ပြောတာပေါ့။ အဲဒီအဘိုးကြီး သန့်စင်တာက အကောင်းဆုံးမှ အဆင့်ခြောက် အဆင့်မြင့်ပဲ ရတယ်၊ တကယ်လို့ အဆင့်ခြောက် သန့်စင်ခြင်းသခင်က သန့်စင်ခဲ့ရင် အနည်းဆုံး အဆင့်ခြောက် ထိပ်တန်းအဆင့်ကို ရမှာပဲ"
တန်တန်က အထင်မြင်သေးဟန်ဖြင့်ပြောလိုက်သည်။

"ဒီလိုကိုး"
လုမင် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် အမူအရာပြောင်းသွားလဲသွားကာ ပြောလိုက်သည်။
"တစ်ယောက်ယောက် ဆင်းလာတယ်၊ ငါတို့လည်း ထွက်သွားသင့်ပြီ"

လုမင်ဟာ အပေါ်မှ တစ်စုံတစ်ယောက် ဆင်းလာတာကို ခံစားလိုက်ရသည်။

လုမင်က မြေကမ္ဘာနှလုံးသားမီးလျှံကို စုပ်ယူလိုက်ရာ မီးစွမ်းအင်များ ပျောက်ကွယ်သွား၏။ ယခင်ကတည်းက လူအများဟာ တိယွမ်ဂူအောက်ခြေကို စူးစမ်းလိုခဲ့ကြခြင်း ဖြစ်ပေသည်။ ထို့ကြောင့် မီးချီများ ပျောက်ကွယ်သွားသောအခါ တစ်စုံတစ်ယောက်က ဆင်းသက်လာတာ ပုံမှန်သာ ဖြစ်သည်။

လုမင်က ဤတွင် ရုတ်ရုတ်သဲသဲ မဖြစ်လိုပေ။ ထို့ကြောင့်။ အလင်းတန်းတစ်ခုကဲ့သို့ပျံသန်းကာ ပြန်ထွက်လာခဲ့လိုက်သည်။

သူဟာ လူငယ်များစွာကြားမှ ဖြတ်သန်းသွားခဲ့သော်လည်း မည်သူမျှ သတိမထားမိခဲ့ပေ။

မကြာမီ လုမင်က တိယွမ်ဂူမှထွက်ခွာပြီး ဟွာချီထံသို့ ရောက်ရှိလာသည်။

သူက ဟွာချီကို တိယွမ်ဂူအကြောင်း ပြောပြလိုက်၏။

ဟွာချီလည်း ခဏတာ အံ့အားသင့်သွားပြီးနောက် ချက်ချင်း ဝမ်းသာသွားတော့သည်။

တိယွမ်လှိုဏ်ဂူအောက်တွင် အမှန်တကယ် ဝိညာဉ်မျက်လုံးရှိနေသည်။ ဤအရာကို အခြေခံ၍ နေအင်ပါယာတွင် အဆုံးမဲ့ ကျွမ်းကျင်သူများ ပိုများလာခဲ့ပေလိမ့်မည်။ ထိုအခါ အင်ပါယာကလည်း ပိုသန်မာလာမည်ဖြစ်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now