851 - 855

261 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 851 ) အဓိပဓိကျိုးယန်နှင့် ဧကရာဇ်ရီ။

ယခုအချိန်တွင် လုမင်၏ အခြေအနေက အလွန်ဆိုးရွားနေသည်။ သူ့တစ်ကိုယ်လုံး ပြင်းထန်စွာ နာကျင်နေကာ စိတ်ဝိညာဉ်က ကွဲထွက်သွားတော့မည်ကဲ့သို့ ဦးခေါင်းတစ်ခုလုံးလည်း ကိုက်ခဲနေ၏။ သူ၏ အမြင်အာရုံများကလည်း မပီပြင်တော့ဘဲ အချိန်မရွေး မေ့မြောသွားတော့မည်ကဲ့သို့ ဖြစ်နေတော့သည်။

'ထိန်းထား၊ ထိန်းထားစမ်း'
လုမင်က သူ့နှလုံးသားထဲတွင် ဟိန်းဟောက်လိုက်သည်။

"တပည့်၊ ငါ့ကို ဘယ်သူသတ်တာလဲဆိုတာ မင်းမသိချင်ဘူးလား။ အဲဒီလုဟာ မင်းရှေ့က ကမ္ဘာကျော်သိုင်းအုပ်ချုပ်သူကြီးပဲ"
အဓိပဓိကျိုးယန်က ရန်ခွမ်းစုကိုကြည့်ကာ ပြောလိုက်သည်။
 
ဤစကားများက မိုးကြိုးကပ်ဘေးကဲ့သို့ဖြစ်ပြီး ပရိသတ်ကို လွှမ်းမိုးသွားခဲ့သည်။

မရေမတွက်နိုင်သောလူများလည်း မျက်လုံးပြူးကာ အဓိပဓိကျိုးယန်ကို တစ်လှည့်၊ ဧကရာဇ်ရီဝူဟွမ်ကို တစ်လှည့်စီ ကြည့်လိုက်ကြ၏။ ၎င်းတို့ မျက်လုံးများမှာလည်း စိတ်ရှုပ်ထွေးမှုနှင့် မယုံနိုင်မှုများ ဖြစ်ပေါ်နေတော့သည်။

အဓိပဓိကျိုးယန်သည် အမှန်ပင် ဧကရာဇ်ဧကရာဇ်ရီဝူဟွမ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ယခုအခါ အကြွင်းအကျန်ဝိညာဉ်မျှသာ ကျန်တော့သည်။

ယင်းက မည်သို့ဖြစ်သနည်း။ အဓိပဓိကျိုးယန်သည် ကောင်းကင်ဧကရာဇ်ဘုရားကျောင်း၏ စစ်နတ်ဘုရားဖြစ်ပြီး၊ အရှေ့ပိုင်းကန္တာရ၏ နံပါတ်တစ် အဓိပဓိလည်း ဖြစ်သည်။ ၎င်း အသက်ရှိစဉ်က ကောင်းကင်ဧကရာဇ် ဘုရားကျောင်းအတွက်လည်း များစွာ အကျိုးပြုပေးခဲ့ပေသည်။ ထိုသူမျိုးကို ဧကရာဇ်ရီဝူဟွမ်က ဘာကြောင့် သတ်ချင်နေသနည်း။

ရန်ခွမ်းစုလည်း တုန်လှုပ်သွားပြီး မျှော်လင့်မထားသော အကြည့်များကို လှစ်ဟလာကာ ပြောလိုက်သည်။
"ဘာကြောင့်လဲ"

"ဘာလို့လဲဆိုတော့ သူက ငါ့ရဲ့ သွေးမျိုးဆက်ကို လိုချင်နေလို့ပဲ။ သူက ငါ့ကိုသတ်၊ ငါ့သွေးမျိုးဆက်ကိုယူပြီး သူ့ရဲ့ကျင့်စဉ် အောင်မြင်ဖို့အတွက် လေ့ကျင့်ချင်ခဲ့တာ"
အဓိပဓိကျိုးယန်ထံမှ စကားသံ ထွက်လာပြီးနောက် လူများမှာ ပို၍ပင် အံ့ဩသွားကြသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now