776 - 780

271 25 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 776 ) ပစ္စုပ္ပန်က အတိတ်မဟုတ်ဘူး။
"ဝှစ်"
ရှန်ကွမ်းဝူလင်၏ စကားဆုံးသည်နှင့် လုမင်က ရုတ်တရက် ပါးဖြတ်ရိုက်လိုက်သည်။
   
"ဖြန်း"
ကျယ်လောင်သော ပါးရိုက်သံနှင့်အတူ ရှန်ကွမ်းဝူလင် အော်ဟစ်ပြီး လွင့်စဉ်သွား၏။ သူမ၏ ခန္ဓာက မီတာများစွာအကွာ၌ ပြန်ကျလာကာ ဆံပင်များဖရိုဖရဲဖြစ်ပြီး မျက်နှာတစ်ခြမ်း ရောင်ရမ်းသွားတော့သည်။ သူမက လုမင်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
  
လုမင်က သူ့ကို ရိုက်ရဲလား၊ သူ့ပါးကို ရိုက်ရဲတာလား။ ဤအခြေအနေကို သူမ အိပ်မက်ပင် မမက်ဖူးပါချေ။
  
"အရှက်မရှိတဲ့ ခွေးမ"
လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။

"အား"
ထိုအချိန်တွင် ရှန်ကွမ်းဝူလင်က ဒေါသတကြီးဖြင့် စူးစူးဝါးဝါးအော်ဟစ်ပြီး ပြန်ထလာသည်။ သူမက လုမင်ကို ရက်စက်ကြမ်းကြုတ်မှုများဖြင့် စိုက်ကြည့်ကာ အော်ဟစ်လိုက်၏။
"ခွေးတိရစ္ဆာန်၊ နင်ငါ့ကို ရိုက်ဝံ့တယ်လား။ ငါနင့်ကို သေစေချင်တယ်၊ ငါနင့်ကို တစ်စစီ လုပ်ပစ်ချင်တယ်"

ထိုအချိန်တွင် လုမင်က သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းကာ ရှန်ကွမ်းဝူလင်မျက်နှာအား နောက်တစ်ကြိမ် ရိုက်မိသွား၏။ ရှန်ကွမ်းဝူလင်လည်း သူ့မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ မြေပေါ်ကိုလဲကျသွားရင်းမှ လုံးဝအံ့အားသင့်နေမိတော့သည်။

"အတင့်ရဲလိုက်တာ၊ မင်းသေချင်နေတာလား"
ရှန်ကွမ်းဝူချန်က ဟိန်းဟောက်ပြီး လုမင်ကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်။
   
"ဝုန်း"
လုမင်က ရှေ့သို့ ခြေတစ်ချက်လှမ်းလိုက်ရာ ရှန်ကွမ်းတူချန်၏ တိုက်ခိုက်မှုအားလုံးကို ရှောင်ကွင်းပြီး ဖြစ်သွားခဲ့၏။ ထို့နောက်တော့ ရှန်ကွမ်းဝူချန်ဟာ သူ့လည်ပင်းများ တင်းကျပ်လာခြင်းကို ခံစားရပြီး လုမင်၏သန်မာသောလက်ဖြင့် ချုပ်နှောင်ထားပြီး ဖြစ်နေခဲ့တော့သည်။
   
သူ့မျက်လုံးများမှာလည်း မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လာသည်။ လုမင်က အမှန်တကယ်ပင် လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူ၏တိုက်ခိုက်မှုများကိုရှောင်တိမ်းပြီး အနိုင်ယူလိုက်နိုင်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now