581 - 585

255 26 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 581 ) ထွက်ခွာခြင်း၊ ဟုန်ယွီဒေသ

ရွှမ်မိသားစုဝင်အများကြီး ဝင်လာသော်လည်း အဘယ်ကြောင့် ရွှမ်ရှန်းနှင့်ရွှမ်ဖုန်းသာ ဤနေရာသို့ ရောက်လာရသနည်း။ လုမင် အလွန်သိချင်မိသည်။

"ဟုတ်တယ်... ကျွန်မ တံခါးပေါက်ကြီးထဲကို စုပ်ယူခံရပြီးတော့ သတိမေ့သွားတယ်လေ..။ ကျွန်မသတိပြန်ဝင်လာတော့ အကိုရွှမ်ဖုန်းနဲ့အတူ ဒီကိုရောက်နေပြီ"
ရွှမ်ရှန်း ပြောလိုက်သည်။

လုမင်က စိတ်ဝင်စားနေဟန်ရသောအခါ ရွှမ်ရှန်းလည်း ဆက်ရှင်းပြလိုက်၏။
"ဘိုးဘေးကတော့ အကိုကြီးရွှမ်ဖုန်းနဲ့ ကျွန်မရဲ့သွေးမျိုးဆက်က ဘိုးဘေးရဲ့ အမွေဆက်ခံမှုအများဆုံးပဲလို့ပြောတယ်..။ ဒါကြောင့်ပဲ ကျွန်မတို့ကိုကယ်ပြီး ကျင့်ကြံခြင်းနည်းလမ်းတွေကို သင်ပေးခဲ့တာပါ"

ထိုအခါမှပင် လုမင် နားလည်သွားခဲ့သည်။

"သခင်လုမင်... ကျွန်မအဖေ ဘယ်လိုနေလဲ"
ရွှမ်ရှန်းက လုမင်ကို မျှော်လင့်ချက်များဖြင့်ကြည့်ကာ ရုတ်တရက်မေးလိုက်သည်။

လုမင် သက်ပြင်းချလိုက်၏။ နောက်ဆုံးတော့ ရွှမ်ရှန်းဟာ ဤမေးခွန်းကို မေးလာခဲ့ချေပြီ။ ခဏတွင်း လုမင်ဟာ ဘာပြန်ပြောရမှန်း မသိတော့ပေ။

သူက အချိန်အတော်ကြာအောင် စဉ်းစားနေပြီးမှ ပြောလိုက်သည်။

"ဂိုဏ်းချုပ်ရွှမ်... သူကျရှုံးသွားခဲ့ပြီ"
ထို့နောက် ရွှမ်လုံမသေဆုံးမီ ပေးထားခဲ့သော သိုလှောင်လက်စွပ်ကို ထုတ်ပေးလိုက်၏။
"ဒါက ဂိုဏ်းချုပ်မသေခင် မင်းအတွက်ပေးထားခဲ့တာပါ"

"အဖေ"
ရုတ်တရက် ရွှမ်ရှန်းမျက်ဝန်းမှ မျက်ရည်များစီးကျလာကာ ငိုကြွေးလေတော့သည်။

ရွှမ်လုံကို လုမင်ခေါ်ပြေးသွားချိန်ကတည်းက သူ့ဖခင်ဟာ ဒဏ်ရာအပြင်းအထန် ရထားခဲ့မှန်း သူသိခဲ့ပေသည်။ သို့တိုင် အခြေအနေမှန်ကို သိရပြန်သောအခါ မငိုကြွေးဘဲ မနေနိုင်တော့ပေ။

လုမင်လည်း မည်သို့ပြောရမည်ကို မသိသောကြောင့် ဘေးနားတွင်သာ ရပ်နေလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now