141 - 145

373 38 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 141 ) အတူတူလာခဲ့ကြ

"ဟားဟားဟား… ငါ့ကို သုံးကွက်တည်းနဲ့ အနိုင်ယူမှာလား… ဟားဟား"
ကျန့်ဝူချန်က ကမ္ဘာပေါ်မှာ အရယ်ရဆုံးပျက်လုံးတစ်ခုကို ကြားလိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ယခုလေးတင် သူက အင်အားအပြည့်သုံးကာ လုမင်ကို သုံးကွက်တည်းနှင့် အနိုင်ယူမည်ဟု ပြောခဲ့ပါသည်။

သို့သော် ယခုအခါ လုမင်က သူ့ကို သုံးကွက်တည်းနှင့် အနိုင်ယူဖို့ အမှန်ပင် ပြောနေလေသလား။ ယင်းက ကမ္ဘာပေါ်မှာ အရယ်ရဆုံး ပျက်လုံးတစ်ခုပင် မဟုတ်ပါလား။

"လုမင်… ဘယ်သူမဆို လေကြီးနိုင်တယ်ကွ… ဒါပေမယ့် လေပဲရှိပြီး ခွန်အားမရှိရင်တော့ ဒါက ဟာသတစ်ခုထက် မပိုဘူး"
ကျန့်ဝူချန်က အေးစက်စက်ပြောလိုက်သည်။

"အို့"
လုမင်က ကျိုးကြောင်းဆီလျော်မှုရှိသလို ခံစားလိုက်ရပါသည်။ သူက ခဏစဉ်းစားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဟုတ်တယ်… အင်အားမရှိရင် ဟာသပဲ… မင်းဟာသဖြစ်နေတာကို မကြာခင် မြင်ရလိမ့်မယ်"

" လျှာစောင်းထက်နေလည်း အလကားပဲကွ… လုမင်… ငါမင်းကိုပြောလိုက်မယ်… ချင်ယွဲ့က ငါ့ရဲ့မိန်းမဖြစ်လာရမယ့်သူပဲ… ဒါပေမယ့် အဲဒီနေ့က မင်းက သူ့လက်ကိုကိုင်ရဲတယ်… ချင်ယွဲ့ရဲ့ လက်ကိုကိုင်လိုက်ကတည်းက မင်းရဲ့ဘဝ အဆုံးသတ်ဖို့ ကံကြမ္မာက သတ်မှတ်ပြီးသွားခဲ့ပြီ… ဒီနေ့မင်းလက်ကိုငါဖြတ်မယ်… မင်းရဲ့ခြေလက်လေးချောင်းကိုဖြတ်တောက်မယ်… မင်းရဲ့ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးပစ်ပြီးတော့ ရွှမ်ယွမ်ဓားဂိုဏ်းက နှင်ထုတ်ပစ်မယ် "

"မင်းက ကြေးဇယားမှာ ပထမရထားလို့ ဂိုဏ်းက မင်းကိုဂရုစိုက်နေမယ်မထင်နဲ့… ငါပြောလိုက်မယ်… မင်းတို့ ကြေးဇယားက နံပါတ်တစ်ဆိုတာ ငါနဲ့နှိုင်းယှဉ်ရင် အမှိုက်တစ်စထက်မပိုဘူး"
ကျန့်ဝူချန်က အေးစက်စက်ပြောလိုက်သည်။ ဟုတ်၏။  နောက်ဆုံးစကားကို သူက အသံပို့လွှတ်ကာ ပြောဆိုသောကြောင့် အခြားသူတွေ မကြားလိုက်ရပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now