631 - 635

288 27 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 631 ) ယွင်ကုံးရှန်ကို သတ်ဖြတ်ခြင်း

စုစုပေါင်း အနက်ရောင်ဝတ် လူသုံးယောက်ရှိကာ သစ်သား‌အိမ်လေးတစ်လုံးအတွင်းသို့ တိတ်တဆိတ် ပြေးဝင်သွားကြသည်။

အိမ်ထဲတွင် အသက်နှစ်ဆယ်အောက် လူငယ်တစ်ယောက်၊ မိန်းကလေးတစ်ယောက်နှင့် ကလေးတစ်ယောက်ရှိနေ၏။

အနက်ရောင်ဝတ်အမျိုးသားက သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ လက်ကိုဝှေ့ယမ်းလိုက်သောအခါ စွမ်းအင်တန်းနှစ်ခုက လူငယ်နှင့်မိန်းကလေး၏ကိုယ်တွင်းသို့ ဝင်ရောက်ကာ သတိလစ်သွားတော့သည်။

ထို့နောက် အနက်ရောင်ဝတ်လူက ကလေးငယ်ကိုယ်တွင်းသို့ အက္ခရာများပို့လွှတ်ကာ နှလုံးသွေးများကို စတင်ထုတ်ယူလိုက်ကြသည်။

"သေစမ်း"
လုမင်၏ မျက်လုံးများတွင် အေးစက်စက် လူသတ်ငွေ့များဖြင့် တောက်ပလာသည်။

ဤအကြောင်းကို ယခင်က ကြားခဲ့ဖူးသော်လည်း ယခုတော့ ကိုယ်တိုင် ကြုံတွေ့နေခဲ့ရချေပြီ။ သို့ဖြစ်ပေရာ လုမင်လည်း သူ့နှလုံးသားမှ သတ်ဖြတ်ချင်စိတ်များကို ထိန်းချုပ်မရတော့ပါချေ။

ကလေးငယ်၏ နှလုံးသွေးကို ထုတ်ယူခြင်းက သက်တမ်းများကို နှုတ်ယူသွားခြင်းနှင့် မခြားပေ။

"ဝှစ်"
လုမင်က အရှိန်အဝါကို မဖုံးကွယ်ဘဲ သစ်သားအိမ်ထဲသို့ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းသွားသည်။

"ဘယ်သူလဲ"
အနက်ရောင်ဝတ်လူသုံးဦးလည်း ချက်ချင်း သတိပြုမိကာ အော်ဟစ်လိုက်သည်။

"မင်းတို့ကိုသတ်မဲ့သူ"
လုမင်က သစ်သားအိမ်ထဲသို့ ဝင်ရောက်သွားသောအခါ ရှဲ့နျန်ချင်းကလည်း လိုက်ပါဝင်ရောက်လာ၏။

"မင်းတို့နှစ်ယေယက်ပဲ၊ ဟားဟားဟား... အရင်ကတော့ မင်းတို့ကို ရက်နည်းနည်းလောက် ရှင်သန်ခွင့် ပေးထားဦးမလို့ပဲ၊ ဒါပေမဲ့ ဒီမြင်ကွင်းကို မြင်သွားမှတော့ အသက်ရှင်ခွင့်မရှိတော့ဘူး"
အနက်ရောင်၀တ် လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now