781 - 785

259 22 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 781 ) ရှန်ကွမ်းကျင်းကြွယ်ကို သတ်ဖြတ်ခြင်း။
   
ရှန်ကွမ်းကျင်းကြွယ်၏ ကျင့်ကြံခြင်းအခြေခံက အဆင့်သုံး ဝိညာဉ်ပင်လယ်နယ်ပယ် အထွတ်အထိပ် ဖြစ်သည်။

ထို့ပြင် ရှန်ကွမ်းကျင်းကြွယ် ပြသခဲ့သော သိုင်းပညာကလည်း နတ်ဘုရားတစ်ပိုင်းအဆင့် သိုင်းပညာဖြစ်ကြောင်း သိသာထင်ရှား၏။

ရှန်ကွမ်းကျင်းကြွယ်က ပါရမီရှင်တစ်ထောင်စာရင်းတွင် အဆင့် လေးရာခြောက်ဆယ့်ငါးရှိပြီး တိုက်ခိုက်နိုင်စွမ်းကလည်း လုံးဝကြောက်စရာကောင်းသည်။

"ဝုန်း"
နှစ်ယောက်သား ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြ၏။ 
  
"ကောင်းကင်ဝံပုလွေ ခုတ်ပိုင်းခြင်း၊ လူသား ခုတ်ပိုင်းခြင်း"
ရှန်ကွမ်းကျင်းကြွယ်က ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားကဲ့သို့ ကြယ်များ၏ တောက်ပသောအလင်းရောင်တွင် နှစ်သိမ့်နေသည်။  သူ့အရှိန်အဝါက ခမ်းနားက အရှိန်အဝါကြီး၏။ သူက ဓားချက်ထုတ်ဖော်သည်နှင့် ကောင်းကင် ဝံပုလွေအူသံကြီးလည်း ထွက်ပေါ်လာတော့သည်။

အဆင့်တူတိုက်ခိုက်နိုင်စွမ်းတွင် ရှန်ကွမ်းကျင်းကြွယ်၏စွမ်းအားက မြောင်ယီကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
   
ပါရမီရှင်တစ်ထောင်စာရင်းတွင် အဆင့် ရာဂဏန်းတက်သွားတိုင်း တိုက်ခိုက်နိုင်စွမ်းကလည်း သိသိသာသာ တိုးလာသည်။
   
ထို့အတူ ထိပ်တန်း ငါးရာစာရင်းဝင် ရှန်ကွမ်းကျင်းကြွယ်က အလွန်ကြောက်စရာကောင်း၏။

လုမင်က အတားဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး စွမ်းအင်များကို ပေါက်ကွဲစေလိုက်သည်။
   
သူတို့ထံမှ အစွမ်းထက်သော စွမ်းအင်လှိုင်းများလည်း ဖြာထွက်လာရာ  တိုက်ပွဲကို စောင့်ကြည့်နေသူများလည်း အရူးအမူး နောက်ပြန်ဆုတ်သွားကြရသည်။

ထိုစွမ်းအားများက တောင်ထိပ်တွင် စိုက်ထူထားသော လှံတံအနီးသို့ ရောက်လာသောအခါ လှံမှ အနီရောင်အလင်းများ ထွက်လာသည်။ ထိုအလင်းများနှင့်ထိသောအခါ စွမ်းအင်လှိုင်းများက စုံးစုံးမြုပ် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
       
"အရမ်းသန်မာတယ်၊ ဒါက ပါရမီရှင်တစ်ထောင်စာရင်းရဲ့ ထိပ်တန်းငါးရာက တိုက်ခိုက်နိုင်စွမ်းပဲလား။ တကယ်ကို ကြောက်စရာကောင်းတယ်"

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now