846 - 850

249 26 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 846 ) အဓိပဓိများနှင့် တိုက်ပွဲ။

"သေချာ‌တာပေါ့၊ ဝမ့်မိသားစုရဲ့ ဘိုးဘေးက အဓိပဓိပဲ။ သိုင်းအုပ်ချုပ်သူသာ ထွက်မလာဘူးဆိုရင် ဘယ်သူမှ အဓိပဓိရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ လုမင်က နဝမနဂါးဒယ်စောက်အိုးနှစ်လုံးကို ထိန်းချုပ်နိုင်ရင်တောင်မှ အဲဒါက ပြင်ပအရာဝတ္တုပဲလေ။ ဒါက အဓိပတိကို တိုက်ခိုက်နိုင်မှာလား"

"ဟုတ်တယ်၊ ဒီကောင်လေးက နဝမနဂါးဒယ်စောက်အိုးကို တကယ်ကြီး ထိန်းချုပ်ထားနိုင်တာပဲ။ သူ့ကို ဖမ်းခေါ်ပြီးရင် နဝမနဂါးဒယ်စောက်အိုးကို ထိန်းချုပ်နိုင်မဲ့ နည်းလမ်း မေးလောက်တယ်။ တကယ်လို့ အဓိပဓိ ဒါမှမဟုတ် သိုင်းအုပ်ချုပ်သူက နဝမနဂါးဒယ်စောက်အိုးကို ထိန်းချုပ်လိုက်ရင် ဘယ်လောက်တောင် ကြောက်စရာကောင်းမလဲ။ အဲဒီအခါကျရင် ကောင်းကင်အလောင်းကောင်‌ဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးချိုင့်ဝှမ်းကိုတောင် ကျော်တက်သွားနိုင်လိမ့်မယ်"

"အမှန်ပဲ၊ ဒီလျှို့ဝှက်ချက်ကို မေးရမယ်"

ပတ်ဝန်းကျင်တွေ အေးစက်စက်အသံများ ထွက်ပေါ်လာသည်။ အထူးသဖြင့် ဝမ့်မိသားစု၊ ကျန်းမိသားစုနှင့် အခြားရှေးဟောင်းမိသားစုများ၏ မျိုးဆက်များ ဖြစ်သည်။

"လုမင်"
ထိုစဉ် နေရာသို့ ဖက်တီးနှင့် ရွယ်ထင်ထင်တို့‌ ရောက်လာခဲ့ကြသည်။ ၎င်းတို့က အမြန်ပြေးလာသော်လည်း လုမင်နှငိ့ အဓိပဓိတန်ခိုးရှင်တိုက်ပွဲကို မြင်လိုက်ရ၏။ ထို့ကြောင့် ထိတ်လန့်တုန်လှုပ်သွားသလို အလွန်လည်း စိတ်ပူသွားတော့သည်။

လုမင်၏ လက်ရှိ ကျင့်ကြံခြင်းအရ နဝမနဂါးဒယ်စောက်အိုးများ အကူအညီဖြင့်ပင် အဓိပဓိကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။

"အဘိုးကြီး... ငါ့အဘိုးကြီးကို ခေါ်ရမယ်"
ဖက်တီးက တတွတ်တွတ် ပြောလိုက်သည်။

"နဝမနဂါးဒယ်စောက်အိုးက တကယ်ကို အံ့ဩစရာပဲ၊ ဒါပေမယ့် ဒီနေ့ နဝမနဂါးဒယ်စောက်အိုးတောင် မင်းကို မကာကွယ်နိုင်ဘူး"
ဝမ့်မိသားစု၏ ဘိုးဘေးက မီတာတစ်သောင်း အရှည်ရှိသည့် မီးတောက်ဓားကြီးကို ကိုင်ဆောင်ကာ ရှေ့ကို လှမ်းပြီး လုမင်ဆီကို ထပ်မံခုတ်ပိုင်းချလိုက်သည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Opowieści tętniące życiem. Odkryj je teraz