516 - 520

279 24 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 516 ) ကြေးခွံနတ်ဆိုးမျိုးနွယ်

ထို့အပြင် ဟန်မန်းနှင့် တခြားသူများက ယုံကြည်ထိုက်သူဟုထင်သောကြောင့် သူ သဘောတူလိုက်ခြင်းပင် ဖြစ်သည်။

လုမင်သဘောတူလိုက်သောအခါ ဟန်မန်း ဝမ်းသာသွား၏။ သူက ကျေနပ်အားရစွာ ပြောလိုက်သည်။
"ကောင်းတယ်ညီနောင်လု၊ ဒါဆို ညီနောင်လုကို မိတ်ဆက်ပေးမယ်"

ချက်ချင်းပင် ဟန်မန်းက မိတ်ဆက်ပေးလိုက်သည်။

ဟန်မန်းဟာ အဆင့်သုံးသိုင်းဘုရင် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိ၏။

ယောက်ရွှမ်က အဆင့်နှစ်သိုင်းဘုရင် အထွတ်အထိပ်တွင် ရှိပေသည်။

ကျန်လူငယ်တစ်နှစ်ယောက်ကမူ မုလင်းနှင့် မုစန်းဟု ခေါ်သည်။

တစ်ယောက်က အဆင့်သုံးသိုင်းဘုရင် ‌အစောပိုင်းအဆင့်ဖြစ်၍ ကျန်တစ်ယောက်ကတော့ အဆင့်နှစ်သိုင်းဘုရင် အထွတ်အထိပ်တွင် ရှိ၏။

တစ်‌ယောက်ချင်းစီက နည်းလမ်းတစ်ခုစီတွင် ကျွမ်းကျင်၊ ပိုင်နိုင်ခဲ့ပေသည်။

"ကိုင်း... လူစုံပြီဆိုတော့ သွားကြရအောင်"
ဟန်မန်း ပြောလိုက်သည်။

ချက်ချင်းပင် သူတို့ငါးယောက်က မြို့တံတိုင်းဆီကို လျှောက်သွားလိုက်ကြသည်။

သူတို့ဟာ တံတိုင်းကြီးအောက်တွင်ရှိသော ကျောက်တံခါးကြီးမှ ထွက်လာခဲ့ကြ၏။ တံတိုင်းအပြင်ဘက်တွင်ကား အဆုံးမဲ့ တောင်တန်းများသာ ရှိနေပေတော့သည်။

"ဒီအနီးတစ်ဝိုက်‌ကိုတော့ အတော်များများက ရှာဖွေပြီးသလောက်ဖြစ်နေပြီမို့ ရတနာတွေ၊ တာအိုကျောက်တွေလည်း သိပ်မရှိတော့ဘူး..။ အဲတာကြောင့် နည်းနည်းအလှမ်းဝေးတဲ့နေရာတွေကိုသွားမှ ကံဆကာင်းခြင်းတွေ ရနိုင်မယ်"

"ဒါပေမဲ့ အနက်ပိုင်းကိုသွားရင် ရတနာတွေကို ပိုရနိုင်တယ်ဆိုပေမဲ့ မဖယ်ရှားရသေးတဲ့ ကြေးခွံနတ်ဆိုးမျိုးနွယ်တွေရှိနေလို့ အန္တရာယ်တော့ ပိုများမယ်..။ ခင်ဗျားတို့ ဘယ်လိုထင်လဲ"
ဟန်မန်းက အားလုံးကို မေးလိုက်၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now