326 - 330

309 27 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 326 ) မိုမိသားစု ဘိုးဘေးများ၏ အမွေအနှစ်

မိုမိသားစုဝင်အားလုံး အံ့ဩသွားသည်။ ၎င်းတို့၏ မျက်နှာတွေပေါ်မှာတော့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်လာ၏။

ခဏကြာပြီးနောက်မှာတော့ စိတ်လှုပ်ရှားစွာ ဆွေးနွေးသံတွေ ထွက်ပေါ်လာတော့သည်။

"ကြယ်ခြောက်ပွင့်၊ မိုရင်ရဲ့ ဘိုးဘေးတွေနဲ့ ကိုက်ညီမှုက ကြယ်ခြောက်ပွင့်တောင်ဟ…။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…။ သူက အရင်တုန်းက ကြယ်ငါးပွင့်ပဲရှိတာ အသိသာကြီးကို"

"မယုံနိုင်စရာပဲ…။ သူ့ရဲ့ ဘိုးဘေးတွေနဲ့ ကိုက်ညီမှုက အချိန် အတိုင်းတာတစ်ခုအတွင်း တိုးမြင့်လာတယ်ဟ…။ ရှေးဟောင်းစာအုပ်တွေထဲမှာတောင် ဒါမျိုးကို ငါတစ်ခါမှ မကြားဖူးဘူး"

"မနာလိုစရာကောင်းလိုက်တာ"

လူငယ်အချို့က မနေနိုင်တော့ဘဲ ပြောလိုက်မိကြသည်။

"ဝှစ်"
ထိုစဉ် သိုင်းလေ့ကျင့်ရေး စင်၏ ဘေးနားအဆောင်တစ်ခုတွင် ဆံဖြူ အဘိုးကြီးတစ်ယောက် ထွက်ပေါ်လာခဲ့သည်။ အဘိုးကြီးက ကျောက်တိုင်ပေါ်မှ ကြယ်ခြောက်ပွင့်ကို မြင်သောအခါ ပျော်ရွှင်စွာဖြင့် မုတ်ဆိတ်တွေကိုပွတ်သပ်ကာ တီးတိုးပြောလိုက်သည်။
"ကြယ်ခြောက်ပွင့်တောင်၊ ကောင်းလိုက်တာ…။ ငါအကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ဒါက အသင့်တော်ဆုံးပဲ…။ ဒီတစ်ခါတော့ အရမ်းတိုးတက်လာတော့မှာ သေချာတယ်..။ အဲဒီအခါကျရင် ငါတို့မိုမိသားစုရဲ့ အဆင့်အတန်းက သေချာပေါက် မြင့်တက်လာတော့မှာပဲ"

သိုင်းလေ့ကျင့်ရေး စင်မြင့်တွင်။

ကျောက်တိုင်က တောက်ပလာတာကို မြင်သောအခါ လုမင်မျက်လုံးထဲမှာ အံ့အားသင့်မှုတွေ ဖြစ်ပေါ်လာ၏။

ကျောက်တိုင်က အလင်းတွေ တောက်ပလာချိန်မှာပင် လုမင်ဟာ နဝမနဂါးသွေးမျိုးဆက်၏ ထူးခြားစွာ တုန်ခါသွားမှုကို ခံစားလိုက်ရသည်။

ထိုစဉ် မိုရင်က လက်ဝါးကို ပြန်ရုတ်လိုက်ကာ သူ့မျက်နှာပေါ်မှာလည်း စိတ်လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာ၏။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now