131 - 135

388 29 0
                                    


ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 131 )  လေဝဲခြေလှမ်းကို လေ့ကျင့်ခြင်း

လုမင် ခြံဝင်းကို ပြန်လာပြီးနောက် ဖုန်းဝူ၊ ဟွာချီနှင့် ပန်ရှီတို့ကို မြင်လိုက်ရပါသည်။

"လုမင်… ဒီ‌တစ်ခေါက် နင်ပထမရတာ ကြီးမားတဲ့ဆုလာဘ်ကြီးကိုကို ရခဲ့တယ်မဟုတ်လား… ဒီတော့ နင်ဘယ်လိုလုပ်မှာလဲ"
သူပြန်လာတာမြင်ပြီးနောက် ဖုန်းဝူက လုမင်ကို စိုက်ကြည့်လိုက်ပါသည်။

"ဟုတ်တယ်နော်… ဒီတစ်ခေါက် ကြေးဇယားက ထူးချွန်သူတွေရဲ့စာရင်းကိုရဖို့ ကျုပ်ငွေနည်းနည်းသုံးလိုက်ရတယ်… ကျုပ်အတွက် ဆုလာဘ်ရသင့်တယ်မဟုတ်လား"
ဟွာချီကလည်း ပြုံးကာ ပြောလိုက်ပါသည်။

ပန်ရှီကတော့ ခေါင်းကုပ်ကာ ပြောလိုက်သည်။
"ဒါတော့ မကောင်းဘူးထင်တယ်… နောက်ဆုံးမှာတော့ ဂိုဏ်းတူအကိုလုမင်က သူ့ခွန်အားအကုန်သုံးပြီး အနိုင်ယူ…ယူ"

"ငတုံးကောင်… ပါးစပ်ပိတ်စမ်း"
သူ့စကားပင် မဆုံးလိုက်။ ဖုန်းဝူနှင့် ဟွာချီက ပန်ရှီကို ချက်ချင်းငေါက်ငမ်းလိုက်ကြပါသည်။

လုမင်လည်း ပြုံးကာ သူ့လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ကောင်းပြီ… ထည့်ဝင်မှတ်ခန်းမကိုသွားပြီး မင်းတို့လိုချင်တာကိုသာပြောတော့"

ယခုတစ်ခေါက် သူဟာ ဆုလာဘ်အဖြစ် ထည့်ဝင်မှတ်တစ်သိန်းကို ရရှိခဲ့ပြီး သူ့ရဲ့မူလ ထည့်ဝင်မှတ်တွေကိုပါ ထည့်ပေါင်းလျှင် ထည့်ဝင်မှတ်တစ်သိန်းကျော် ရှိနေပေရာ သဘာဝအရ ဂုဏ်ယူနေမိပါသည်။

"လုမင်… နင်ပြောတာနော်… သွားမယ်"
ဖုန်းဝူက ပြုံးကာ ထည့်ဝင်မှတ်ခန်းမကို အရှေ့ဆုံးမှ ဦးဆောင်ကာ လျှောက်လှမ်းလိုက်ပါသည်။

"ဒါက သိပ်မကောင်းဘူးနော်"
ပန်ရှီက အော်ဟစ်လိုက်သော်လည်း ဟွာချီက ထည့်ဝင်မှတ်ခန်းမကို ချက်ချင်းဆွဲခေါ်သွားခဲ့လေသည်။

လုမင်လည်း အသာပြုံးလိုက်မိသည်။

ထည့်ဝင်မှတ်ခန်းကို ရောက်ပြီးနောက် ဟွာချီနှင့် ဖုန်းဝူက ပစ္စည်းများစွာကို အမြန်ပြောလိုက်ကြပါသည်။ သူတို့က လုမင်ကိုလည်ပင်းညှစ်ဖို့ ကြိုအစီအစဉ်ချထားခဲ့တာ သိသာသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now