586 - 590

273 28 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 586 ) လေလံပွဲစတင်ပြီ

၎င်းတို့အနီးတွင်ထိုင်နေသော လုမင်သော်မှ သတင်းပျံ့သည်မှာ ဤအမျှမြန်မည်ဟု ထင်မထားခဲ့ပေ။

ကုန်သည်အသင်းကြီး၏ သတင်းပျံ့မှုက တကယ်မြန်သည်။

သို့သော်လည်း တကယ်တမ်းတွင် ကုန်သည်အသင်းက ဤသတင်းကို ဘာကြောင့်မြန်မြန်ပျံ့စေသည်ဆိုတာ ‌နားလည်ရန်မခက်ခဲပါချေ။

ဤနည်းဖြင့် ရွှေစွမ်းရည်တာအိုကျောက်၏ ဆွဲဆောင်မှုကြောင့် လူပိုဝင်ကာ ၎င်းတို့အတွက် အမြန်ပိုကျန်စေနိုင်မည် ဖြစ်သည်။

လုမင် ပြုံးလိုက်၏။ ယင်းက သူ့အတွက်လည်း ကောင်းသောအရာပင် ဖြစ်ချေသည်။

စားသောက်ပြီးနောက် လုမင်လည်း တည်းခိုခန်းသို့ ပြန်လာခဲ့လိုက်သည်။

နောက်ခြောက်ရက်အတွင်း သူဟာ လေ့ကျင့်နေရန် ရည်ရွယ်ထား၏။

လက်ရှိတွင် လုမင်၏ ကျင့်ကြံခြင်းအ‌ခြေခံက အဆင့်ကိုးသိုင်းဘုရင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၍ အချိန်တိုအတွင်း အဆင့်တက်နိုင်မည် မဟုတ်တော့ပေ။

ထို့အပြင် အကြွင်းမဲ့သုံးပါး နဂါးနတ်ဘုရားသိုင်းကလည်း အဆင့်ငါးသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ 

နဝမနဂါးခြေလှမ်းကတော့ ဤအတောအတွင်း၌ တိုးတက်မှုများ မြန်ဆန်ခဲ့ပေသည်။ သို့သော်လည်း အဆင့်လေးသို့ ရောက်ရှိချင်ရင်တော့ အချိန်တစ်ခုလို၏။

နဝမနဂါးခြေလှမ်း စတုတ္တအဆင့်က ကောင်းကင်အဆင့်မြင့်သိုင်းပညာ အဆင့်ခြောက်နှင့် ညီမျှသောကြောင့် အလွန်ကြောက်စရာကောင်းလှသည်။

'အခု ငါ့ရဲ့နတ်ခန္ဓာကို လေ့ကျင့်ဖို့ပဲ ရှိတော့တယ်'
လုမင် တွေးလိုက်သည်။

နတ်ခန္ဓာအဆင့်ခုနစ်သို့ ရောက်ရှိနိုင်လျှင် သူ့တိုက်ခိုက်နိုင်စွမ်းက သိသိသာသာ ပြန်တိုးတက်လာနိုင်၏။

နတ်ခန္ဓာအဆင့်ခုနစ်က အဆင့်ခြောက်ထက် ဆယ်ဆပိုသန်မာသည်။

သို့ရာတွင် အဆင့်ခြောက်မှ အဆင့်ခုနစ်သို့ ဖြတ်ကျော်ရန်မှာ မလွယ်ကူပေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) (Ch 1 - 985 ) Book 1Where stories live. Discover now