2A1O Extra《7》

6.4K 568 46
                                    

『 ဒါရိုက်တာကျန်နှင့် ဒါရိုက်တာပေါ်တို့​၏ အကြောင်းကိစ္စများ။ 』

ROSE နည်းပညာကုမ္ပဏီ​၏ ဝန်ထမ်းများမှာ သူတို့​၏ ဒါရိုက်တာကျန်နှင့် ဒါရိုက်တာပေါ်ကို စုံလုံးကန်း ကိုးကွယ်သည့်အမျိုးအစားလေးတွေဖြစ်ကြသည်။

ဥက္ကဋ္ဌကျန်က အသက်၂၅နှစ်မှာ နိုင်ငံခြားမှ ပညာသင်ပြန်လာခဲ့ပြီး ဒီနည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့​၏။ သူ့မိသားစုရဲ့အလျှံပယ်ဘဏ္ဍာများနှင့် သူ့ကိုယ်ပိုင်အရည်အချင်းများပေါင်းစည်းကာ နှစ်နှစ်၊သုံးနှစ်အတွင်း ကုမ္ပဏီကို အခြေခိုင်အောင် စီမံခန့်ခွဲနိုင်ခဲ့သည်။

အသက် ၂၇အရွယ် သူတို့ရဲ့ ဒါရိုက်တာပေါ်ကလဲ ငယ်ငယ်ရွယ်ရွယ်နှင့် Ph.Dဘွဲ့ကိုပြီးစီး၍ Omega ဆေးဝါးသုတေသနနယ်ပယ်မှာအောင်မြင်မှုအချို့ကိုပင် ဆွတ်ခူးထားပြီးပြီဖြစ်သည်။

ထို့ကြောင့် ဒါရိုက်တာကျန်​၏ ဘဏ္ဍာရေးအထောက်အပံ့ဖြင့် ဒါရိုက်တာပေါ်ဟာ ကောလိပ်​၏ စီနီယာ၊နည်းပြများကိုရှာဖွေကာ တရုတ်နိုင်ငံအတွင်း အဆန်းသစ်ဆုံး Omega pheromone ခုခံအားဆေး ဓာတ်ခွဲခန်းကို တည်ထောင်ရန် မဲဆွယ်ခဲ့ချေသည်။

ROSE ကုမ္ပဏီ​၏ ဆေးဝါးဆိုင်ရာ ဥပဒေသမှာ " Omegaအတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို လျှော့ချရန်၊ Omega​၏ကိုယ်ပိုင် ရွေးချယ်လုပ်ပိုင်ခွင့်ကို အပြည့်အဝ မြှင့်တင်ရန်နှင့် Omegaအား အလုပ်နှင့် နေထိုင်မှု အခြေအနေများအားပေးအပ်ရန် " ပင်။ ၎င်းက လက်ရှိ နိုင်ငံတကာ မူဝါဒလမ်းစဉ်နှင့် ကိုက်ညီနေသဖြင့် အစိုးရသည်ပင်ဦးစားပေးအထောက်အကူပစ္စည်းများနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများစွာကိုလည်း ပေးအပ်ခဲ့​၏။

တစ်ယောက်က ကြွယ်ဝချမ်းသာပြီး၊ တစ်ယောက်က အရှိန်အဝါကြီးပါသော ဒါရိုက်တာကျန်နှင့် ဒါရိုက်တာပေါ်တို့ရဲ့အဖေတွေကို မပြောလေနှင့်။

ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ROSE နည်းပညာကုမ္ပဏီဟာ နယ်ပယ်အတွင်းမှာ သြဇာအာဏာအကြီးမားဆုံးတက်သစ်စကုမ္ပဏီဖြစ်လာပြီး ဒါရိုက်တာကျန်နှင့် ဒါရိုက်တာပေါ်ကလဲ ထွန်းပေါက်လာကြ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now