2A1O Chapter《61》

7K 843 23
                                    

|| Unicode ||

" အချင်းချင်း ကူညီမယ် "

Warning : Mature Contents

ကျန်စုန့်ယိက ကိုက်ခံလိုက်ရတဲ့ သူ့ လည်ပင်းကို ထိရန် အစွမ်းကုန်ကြိုးစားခဲ့သည်။
ပေါ်ဟွိုက်က အခုတင် ယာယီအမှတ်အသားပြုထားတဲ့ နေရာကို လက်ဖြင့် ဖွဖွရိုက်လိုက်ပြီး အသံတိုးတို့ဖြင့်မေးလာသည်။ " အမှတ်အသားပေးခံရတာက စိတ်ရှုပ်စရာကောင်းလား "

" .... ရပါတယ်... "

ပေါ်ဟွိုက်နှုတ်ခမ်းထောင့်များက သားကောင်ကို တစ်ဆင့်ချင်း ထောင်ဖမ်းနေသလို လှစ်ခနဲ့ အပြုံးယဲ့ယဲ့မျှဖြစ်သွားပြီး အဆင့်လိုက် မဝါးမျိူခင် အလျင်မလိုပါဘဲ အရသာခံ၏။ "တကယ်တော့ တစ်သက်တာအမှတ်အသားပြုခံတာက ပိုခံစားလို့ကောင်းလိမ့်မယ် "

" ပါးစပ်ပိတ်ထားစမ်း! "

ကျန်စုန့်ယိမှာ ရှက်သလိုခံစားရသော်ငြား ထိုအကြံကိုတော့ဖြင့် မငြင်းပယ်လာခဲ့ပါ။

ပေါ်ဟွိုက်က နောက်ထပ် အဓိပ္ပါယ်ပါသော အပြုံးယဲ့ယဲ့ဖြင့် " အဲဒီနေ့ကို ငါ စောင့်နေပါတယ် "

ကျန်စုန့်ယိသည်ကား ဘယ်လိုအရာကိုမဆို အဆုံးရှုံးခံနိုင်သူတစ်ဦးဖြစ်သည့်တိုင် သူ့မျက်နှာကတော့ ဂုဏ်ဆောင်ဖြစ်တာကြောင့် ပေါ်ဟွိုက် အမှတ်အသားပြုပေးတုန်းက သူဘယ်လောက် အဆင်ပြေခဲ့လဲဆိုတာကို မေ့သွားပြီး ကြမ်းတမ်းစွာပြောလာသည်။

" ငါကမင်းကို အဲဒီ ယာယီကိုက်တာပဲ ခွင့်ပြုလိုက်တာ။ ဟာသလို အကြံတွေလာမလုပ်နဲ။ ငါတို့ ရန်ဖြစ်နေကြတုန်းပဲ။ တကယ်တမ်းကျ ငါတို့ ဆက်ဆံရေးက အဆိုးဘက်တောင်လဲနေပြီ မင်းဘာသာ အရမ်းရှေ့ရောက်မနေနဲ့  "

" ကောင်းပြီ။ ငါတို့ ဆက်ဆံရေးက နည်းနည်းတော့ လမ်းကြမ်းနေပေမယ့် ဒါပြီးဖို့အတွက်တော့ ငါတို့တွေတော်တော်လေး နီးကပ်ခဲ့ကြတယ်လေ "

သူတို့တွေ ဖြစ်သွားကြပြီလား?

ကျန်စုန့်ယိမှာ ကြောင်အသွားရပြီး သူ အခုဘာကိုဆိုလိုနေသလဲဆိုတာကို သဘောပေါက်လိုက်မိသည်။ " ငါ...ငါတို့က ဖြစ်ပြီလို့ ငါမဆိုလိုနေဘူး။ ငါဆိုလိုတာက ငါတို့က ရန်ဖြစ်နေကြတာလို့ပဲ.... အဲ့ဒါပဲ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now