2A1O Chapter《55》

6.3K 879 36
                                    

|| Unicode ||

" အနမ်းလား.. ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ "


ကျန်စုန့်ယိ ပြန်ယူကြည့်လိုက်သောအခါ မြက်လေးနဲ့ ပြုလုပ်ထားတဲ့ လက်စွပ်လေးတစ်ကွင်းပင်။

ကာလာက အနည်းငယ် နွမ်းခြောက်ပြီး အဝါရောင်သမ်းနေကာ အချိန်အတော်ကြာကတည်းကရှိခဲ့တဲ့ပုံပေါ်သည်။ သို့သော်အမြှီးပေါ်က ကတ္တီပါ အစေ့လေးကတော့ ပကတိအတိုင်းဖြစ်နေ၍ သူတို့က သေချာသိမ်းဆည်းခံထားရတာကို သိသာစေသည်။

ကျန်စုန့်ယိ ရုတ်တရက် တစ်စုံတစ်ရာကို သတိရမိသွားသည်။

သူစကားပြောလာတာကို မစောင့်ပါဘဲ ပေါ်ဟွိုက်က သူ့အတွေးတွေကို အတည်ပြုပေးလာ​၏။ " စစ်ရေးလေ့ကျင့်တုန်းက မင်းကောက်ယူလိုက်တဲ့တစ်ခုလေ "

အဲ့ဒီတစ်ခုပေါ့လေ။

ထိုအချိန်က ပေါ်ဟွိုက်သည် သူ့ကို လက်ဆောင်သေးသေးလေးတစ်ခု လုပ်ပေးမယ်လို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ထပ်မပြောတော့တာကြောင့် ကျန်စုန့်ယိလဲ မေ့သွားခဲ့ရသည်။

ပေါ်ဟွိုက်က သူ့ကို စောင့်ရုံစောင့်နေလိမ့်မယ်လို့ မမျှော်လင့်ထားမိပါ။

ကျန်စုန့်ယိက လှောင်ရယ်လိုက်သည်။ "ကလေးဆန်လိုက်တာ! မင်းကိုယ်မင်း Qiong Yao dramaရိုက်နေတယ်ထင်နေလား​။ ပြီးတော့ မြက်လက်စွပ်ကိုပေးတာက လူယုတ်မာ သဘောတရားပဲ "

ထိုသို့ပြောလိုက်တာဖြစ်ပေမယ့် ကျန်စုန့်ယိဟာ လက်စွပ်လေးကို အိပ်ရာအောက် ထိုးထည့်ပစ်လိုက်သည်။

ပေါ်ဟွိုက်ကတော့ " ကျန်စုန့်ယိပြောသမျှကို နားထောင်ပြီး ကျန်စုန့်ယိ လုပ်သမျှကိုသာကြည့်'ဟူသော သဘောတရားကိုကောင်းကောင်းသိထားလေသည်။ထို့ကြောင့် သူနဲ့ အချင်းများရမယ့်အစား အတည်ပြုလိုက်၏။ "မင်းလက်ခံတာလား?"

"ငါဝယ်တာလေ! နေ့တိုင်း ငါမင်းကို ထောက်ပံ့ပေးဖို့ ပိုက်ဆံတွေ အများကြီးသုံးနေရတာကို မင်းငါ့ကို တစ်ခုခုပြန်မပေးသင့်ဘူးလား?...ဒါပေမယ့် မင်းငါ့ကို ဒါပေးတာက ဘာသဘောလဲ? "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now