2A1O Chapter《79》

4.4K 668 16
                                    

" မြို့တော်ရဲ့ ပထမဆုံးလဲ ဖြစ်နိုင်ပါတယ် "



ကျန်စုန့်ယိသည်ကား သူပေါ်ဟွိုက်ကို နမ်းလေတိုင်း သူ့မှာ ပေါင်မင်ဟုန်ကို ဆင့်ခေါ်မိသည့် မှော်ဂါထာရှိနေသလို ခံစားရသည်။

စုစုပေါင်းဆို သုံးခါလေ။ ပထမတစ်ခါက ပေါ်ဟွိုက်နဲ့ ခေါင်မိုးပေါ် နှင်းဆီရောင်းနေချိန်။ ဒုတိယက စာကြည့်တိုက်ထဲမှာသူတို့နမ်းနေကြချိန်။ တတိယကတော့ သူ့ရဲ့ သဝန်တိုနေတဲ့ ချစ်သူကို တောအုပ်ထဲမှာ ချော့တော့မယ့် အချိန်ပါပင်။

အကုန်လုံးက ပုံရိပ်ကောင်းတွေအတွက် အခွင့်ကောင်းကြီးတွေချည်း။

သူတို့အနမ်းတွေ ဂဟေစပ်တော့မည့်အခါတိုင်း ပေါင်မင်ဟုန်က ဤသို့ဆို၍ ပေါ်လာပါလိမ့်မည်။

" ကျန်! စုန့်! ယိ! "

ကျန်စုန့်ယိက ပေါ်ဟွိုက်လည်ပင်းပေါက်ကို လွှတ်ပေးလိုက်၍ ပုခုံးကို ပုတ်လိုက်သည်။ " ကျွန်တော့်ကောကို နာကျင်လုပ်မလို့ မဟုတ်ပါဘူး။ ဒီတိုင်း နေရာနဲ့ အချိန်တွေက ကီးမကိုက်နေလို့။ "

ထိုနောက် သူက အဝတ်တွေကို ပြန့်ရန့်စေလိုက်ပြီး၊ သူတို့တွေက အတူတူပင် စိတ်တိုနေသော ပေါင်မင်ဟုန်ကို သေသပ်စွာလှည့်ကြည့်လိုက်ကြ​၏။

သိသိသာသာကို ဒီတစ်ခေါက်မှာတော့ ပေါင်မင်ဟုန်ဟာ ပထမနှစ်ကြိမ်ထက် ပိုဒေါသထွက်နေပုံပင်။

" ကျန်စုန့်ယိ! မင်း ပေါ်ဟွိုက်ကို လွှတ်လိုက်စမ်း! မင်း AO ဆက်ဆံရေးကို နားမလည်တာလား?! လူခွဲလိုက်စမ်းပါ! ဝေးဝေးနေ​! တစ်ယောက်နဲ့တစ်ယောက် မီိတာ ၈၀၀လောက် ခွာထားကြ! "

ဝေးဖို့ ပြောခြင်းက မဖြစ်နိုင်။ သူတို့အတွက် ဒီတစ်သက် မဖြစ်နိုင်ပါချေ။

ကျန်စုန့်ယိက အလွန့်အလွန်စိတ်အနှောင့်အယှက်ဖြစ်သည့် လေသံဖြင့် မျက်ခုံးပင့်လိုက်ပြီး " ဒါရိုက်တာ... အရင်တစ်ခေါက်တုန်းက ကျွန်တော်တို့ကို လက်တွဲခိုင်းခဲ့တာ မေ့သွားပြီလား။ "

" အဲ့ဒါက ငါမင်းတို့နှစ်ယောက်ကို Alpha တွေထင်ခဲ့လို့ကွ!" ပေါင်မင်ဟုန်က သူ့ကိုယ်သူ သူတို့နှစ်ယောက်ကြားတိုးဝင်၍ ခွဲပစ်လိုက်သည်။ " အခုမင်းက Omega! မင်းတို့နှစ်ယောက်ကြားမှာ အကွာအဝေးတစ်ခုတော့ ခြားထားသင့်တယ်! "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now