2A1O Chapter《48》

6K 1K 56
                                    

Unicode

" ငါမင်းကို ငါ့ကောင်လေးဖြစ်စေချင်တယ်, ရလား? "


ရလား။
ကျန်စုန့်ယိ နားလည်သွားပြီလား။

ခုထိ သူသာ နားမလည်နိုင်သေးဆိုရင်တော့ တကယ်ကိုပဲဘအရူးတစ်ယောက်ဖြစ်လိမ့်မည်။

" တောင်းပန်ပါတယ်"

လည်ချောင်းဟာ အပေါ်အောက်ရွေ့လျားသွားပြီး စကားလုံးတွေကပင် တစ်ဆို့နေသယောင်။

ကျန်စုန့်ယိ ဘာပြောရမှန်းမသိ။ သူ့ရင်ထဲမှာ ခါးသီးမှုတွေသာ စုပြုံနေပြီး ဘယ်လိုချေဖျက်ရမလဲဆိုတာကို မသိ။  သူသည်ကား တောင်းပန်ပါတယ်လို့သာ ပြောနိုင်တော့သည်။

တောင်းပန်ပါတယ်။

ဒါက ငြင်းဆန်ခြင်းလား?

ပေါ်ဟွိုက်က သူ့မျက်လုံးထောင့်မှာစိုနေတာလေးတွေကို သုတ်ပေးလာသည်။ မည်သို့ဖြစ်စေကာမူ သူက အပြုံးယဲ့ယဲ့ဖြင့် ပြုံးနေဆဲ :" အဆင်ပြေပါတယ်။ ငါတို့တွေ အိမ်ပြန်သင့်ပြီ "

သူက သူ့ကို တောင်းပန်ပါတယ်လို့ပြောခဲ့သည်။ ကျန်စုန့်ယိဟာ သူ့ကိုလက်မခံခဲ့သည့်တိုင် သူကလဲ အံ့ဩသွားရတယ်လို့ မပြောနိုင်ပါချေ။

သူ ကျန်စုန့်ယိငြင်းမယ့် ပုံစံ၁၀,၀၀၀မျိုးလောက် မှန်းဆကြည့်ဖူး၏ ။ တစ်ခုစီတိုင်းက သူ့နည်းသူ့ဟန်နဲ့ အသည်းကွဲစရာတွေချည်းပဲ။ သို့သော် ဒီအခြေအနေကတော့ သူ့ဦးနှောက်ထဲမှာ ဖန်တီးထားတဲ့ မည်သည့်နည်းလမ်းထက်မဆို အများကြီး ပိုညင်သာပေးသည့် ကိုင်တွယ်ဖြေရှင်းနည်းပင်။

ပေါ်ဟွိုက် ပြန်လှည့်လာပြီး နားနေခန်းထဲလျှောက်သွားလိုက်၏။ သူက ကျန်စုန့်ယိအိတ်ကို ထုတ်ပိုး၍ နားနေခန်းက အိပ်ရာကို သိမ်းပေးပြီးစောင်ကို ညီညီညာညာခေါက်လိုက်သည်။ ထိုနောက် သူက ဖုန်းထုတ်၍ Taxi ငှားလိုက်ပြီး ကားစောင့်နေတဲ့အချိန်မှာလဲ ကျန်စုန့်ယိရှေ့ကနေ လေကာစေရန် ရပ်နေပေးသေး​၏။

ဒါတွေက အမြဲလိုလိုပဲ အသေးစိတ်ကျပြီး ဆီလျော်နေခဲ့ပြီး သူ့ရင်ထဲမှာ အချစ်ကိုထုတ်ဖော်လိုက်ခြင်းနဲ့ တောင်းပန်သည့် စကားတို့အတွက် ဘာစိတ်ခံစားချက်မှ မရှိသယောင်ထင်ရသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now