2A1O Chapter《28.2》

6.2K 991 10
                                    


『Unicode』


ဘယ်သူကမှ ပေါ်ဟွိုက်နဲ့ ကျန်စုန့်ယိကို ပြဿနာမလုပ်ရဲကြပေ။ သူတို့က သူတို့ခန္ဓာကိုယ်တွေကို ချွေးမရွှဲစေခဲ့။သူတို့ကဆာလောင်နေတဲ့သရဲငါးကောင် သူတို့ အစာအတွက် ယှဉ်ပြိုင်နေသည်ကို စိတ်မပူပါဘဲ ထိုင်ခုံမှာ ထိုင်ကာ ဘာဘီကျူးကိုအေးအေးလူလူပင် စားသောက်နေကြသည်။

ကျန်စုန့်ယိရဲ့ ပေါ်ဟွိုက်ရဲ့ မကျွမ်းမကျင် ဘာဘီကျူးဝန်ဆောင်မှုလေးကို နှစ်ခြိုက်နေရင်း မေးလိုက်သည်။

"မင်းဘာလို့ ယန်းယွဲ့ကို အမြဲအနိုင်ကျင့်နေရတာလဲ?"

"ငါ အနိုင်မကျင့်ပါဘူး။ ငါကဒီိတိုင်း ကစားချင်မိတာလေးပဲ! ဒါမှမဟုတ်ရင် မင်းက အသားရဖို့ သူတို့ကို ရိုက်ချနိူင်လို့လား? မဟုတ်ရင်လဲ ယွီဇစ်ကော်ရဲ့ ချိုမြိန်ထိရှတဲ့ အချစ်ဇာတ်လမ်းလေးကို နားထောင်ချင်နေလို့လား? "

ကျန်စုန့်ယိ : "..."

ပေါ်ဟွိုက်က အခုလိုဆူပူမှုမျိူးလုပ်လိုက်တာ မှန်သည်၊ မဟုတ်ပါက သူတကယ်ပင် ရှက်နေရလိမ့်မည်ဖြစ်​၏။

ပေါ်ဟွိုက်ခုလေးတင်ညှပ်ထည့်ပေးလာတဲ့ အသားကို ဆွဲယူလိုက်ပြီး ရေရွတ်သည်။

"ယွီဇစ်ကော်က ငါအိုမယ်ဂါမှန်းသိနေတယ်လို့ မင်းထင်လား? မဟုတ်ရင် သူဘာလို့ တစ်နေကုန် ထူးဆန်းနေရတာလဲ?."

ပေါ်ဟွိုက်က ခပ်ဖျဖျပြုံးလာ​၏,"မပူပါနဲ့ သူ့ IQအရ သူသာ မင်း အိုမယ်ဂါမှန်းသိမယ်ဆို အရင်ဖော်ကောင်လုပ်မှာပဲ."

ယွီဇစ်ကော်က ကျန်စုန့်ယိ အယ်လ်ဖာဖြစ်သည်ဟု ယူဆနေသင့်ဆဲဖြစ်သည်။

သူအတင်းပြောရသည့်အကြောင်းအရင်းကတော့ သူ့ရဲ့ အနာဂတ်-ဟောပြောနိုင်စွမ်း​၏ ယုံကြည်မှုကြောင့် ဒါမှမဟုတ်ရင်သူ ကျန်စုန့်ယိအပေါ်ထားတဲ့ ပေါ်ဟွိုက်ရဲ့ ခံစားချက်တွေကို ပြောနိုင်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။

အချို့ကိစ္စများတွင် အပြင်လူတွေက ပါဝင်တဲ့လူတွေထက် ပို၍ ရှင်းရှင်းလင်းလင်းမြင်နိုင်ကြသည်။ သူတို့အဖွဲ့တွင် ယွီဇစ်ကော်က နောက်ဆုံးမှဝင်လာသူဖြစ်ပြီး အနည်းဆုံးသိသူလဲဖြစ်သည်။ ထို့အပြင်သူက ဖြစ်ရပ်တွေကို အရှင်းလင်းဆုံး မြင်နိုင်တဲ့ သူလဲ ဖြစ်နေပြန်သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now