2A1O Chapter 《13》

9.5K 1.4K 80
                                    

"ငါက Omega?"

သူ ကျန်စုန့်ယိကို ပွေ့ချီလိုက်ချင်သော်လည်း ကျန်စုန့်ယိကမူ ခွင့်မပြုခဲ့ချေ။ အယ်လ်ဖာတစ်ယောက်က ဘယ်လိုလုပ်ပြီး တခြားသူပွေ့ချီတာ လက်ခံပေးရမှာလဲ..!

မူမမှန်လိုက်ပုံများ...

ထို့ကြောင့် နောက်ဆုံးအားလေးကို ညှစ်ထုတ်၍ သူ့ကိုအဝေးတွန်းပစ်မိသည်

"ဘယ်သူက ငါအိမ်ထဲဝင်ဖို့ခွင့်ပြုလိုက်လို့လဲ?မင်းက ငါ့ privacy ကို ချိူးဖောက်နေပြီ"

တွန်းတဲ့အားက ကြောင်ကလေး လာကုတ်နေသကဲ့သို့ပင်။ ပေါ်ဟွိုက်မှာ စိတ်မကြည်ဖြစ်သွားသည့်တ်ိုင် ရယ်လဲရယ်ချင်သွားရ​၏။ သူကကျန်စုန့်ယိကိုယ်တစ်ဝက်ကို သူ့ပေါ်သို့တင်လိုက်သည်။

"ဘယ်အချိန်ကများ ငါမင်းအိမ်ထဲဝင်ဖို့ ခွင့်ပြုချက်လိုသွားတာလဲ?"

"အနိုင်ကျင့်တဲ့ကောင်"

ကျန်စုန့်ယိမှာ နောက်ဆုံးလက်ကျန်အားလေးဖြင့် ပေါ်ဟွိုက်ကို ကန့်လန့်တိုက်လိုက်ပြီးနောက်တွင်တော့ အသိစိတ်လွတ်သွားရကာ မေ့တစ်ဝက် နိုးတစ်ဝက်ဖြစ်နေ​၏။

ပထမဆုံး အဆင့်တွင် သူ့အနေနဲ့ နာကျင်လိမ့်မယ်ဖြစ်သည်။

မိုးရာသီဖြစ်သည်မို့ တရုတ်နေကာပင်များ​၏အရွက်တို့မှာ လေနှင့်မိုးတို့​၏ ဖျက်ဆီးမှုကြောင့် အပြုံလိုက် မြေပြင်ပေါ်သို့သက်ဆင်းသွားကြရသည်။ ရွှံ့တွေကလဲ စိုစွတ်နေပြီး ချော်နေ​၏။

သခင်ငယ်လေးစုန့်သည်လဲ သူ့မျက်လုံးများကိုကောင်းကင်သို့မော့ကြည့်လိုက်မိသောကြောင့် လဲကျသွားကာ ခြေချင်းဝတ်အက်သွားလေသည်။

ဒီတစ်ကြိမ်တွင်တော့ ကျန်စုန့်ယိကို ဆေးရုံထိကျောပိုးကာ လေဒီထျန် ပျာယီးပျာယာဖြင့်ရောက်လာသည်အထိ အစအဆုံးစောင့်ပေးခဲ့သူမှာပေါ်ဟွိုက်ဖြစ်လေသည်။

အတိတ်တစ်ချိန်က ကျန်စုန့်ယိမှာလည်း ပိန်ပိန်လေးမို့ ပေါ်ဟွိုက်သူ့ကို သယ်ဖို့ ခွင့်ပြုပေးရမှာရှက်သည်ကြောင့် အထစ်ထစ်ငေါ့ငေါ့ဖြင့်ဆင်ခြေပေါင်းစုံသုံး၍ ငြင်းဆန်သည့်တိုင် ပေါ်ဟွိုက်ကတော့ သူ့ကို နားပင်မထောင်ခဲ့ချေ။ သူက သူ့ကို သယ်လိုက်ပြီး လမ်းလျှောက်ထွက်လိုက်သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now