2A1O Chapter《47》

6.1K 1K 35
                                    

Unicode

" မင်းပဲ, အစကနေ အဆုံးထိ "

ကျန်စုန့်ယိမှာ ၃စက္ကန့်လောက် ကြောင်အနေပြီးမှ အသိဝင်လာ၍ စောင်ကို ဆွဲယူလိုက်ပေမယ့် ပေါ်ဟွိုက်ကတော့ စောင်ကို ဆုပ်ကိုင်ထားပြီး လွှတ်ပေးမလာပါချေ။

ကျန်စုန့်ယိမှာ သူ့လောက် မသန်မာသဖြင့် ဆွဲလို့မရနိုင်ဖြစ်နေ​၏။

စိတ်တိုလာသဖြင့် ကျန်စုန့်ယိ အော်ပစ်လိုက်သည် : "မင်း ထွက်သွား!"

ပေါ်ဟွိုက်က ရယ်ချင်တာကို ဖုံးဖိထားရင်း ပြုံးသည် : "ဘယ်ကို ထွက်သွားရမှာလဲ?"

ဒီ လူညစ်ကတော့ !

ကျန်စုန့်ယိ သူ့ကို တွန်းလွှတ်ရင်း ကြိမ်းမောင်းလိုက်၏ : '' ငါ့ စောင်ထဲက ထွက်သွားကွ! "

ရလဒ်ကတော့ သူ တွန်းလိုက်တဲ့အချိန်၌ စောင်ကို ဆုပ်ထာူတဲ့လက်က လျော့ရဲရဲဖြစ်ပြီး ပေါ်ဟွိုက်သည် စောင်တစ်ခုလုံးကို မ,ပစ်လိုက်ခြင်း။

ကျန်စုန့်ယိ ထုတ်ဖော်ခံလိုက်ရလျှင် သူဘယ်လောက်နီရဲနေမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်။ သူဟာ
ပုစွန်လေးလို နီမြန်းနေပါတော့သည်။

ပေါ်ဟွိုက် မျက်လုံးတွေဆီကနေ ပုန်းလို့ မရတော့ဘူး
ပြီးပြီပဲ

ကျန်စုန့်ယိ ခဏလောက် အေးခဲကာ နွမ်းလျသွား၏။ နောက်ဆုံး သူလုပ်နိုင်မယ့် အရာသည်ကား သူ့လက်တွေနဲ့ မျက်နှာကိုကွယ်လိုက်ကာ ကျောပေးလျက် အိပ်ရာထောင့်တွင် ကျုံ့နိုင်သမျှ ကျုံ့ထားဖို့ရာပင်။
သူက ကျောလေးကို ခုံး၍ ပုခုံးတို့ကို စောင်းကာ ကုပ်ထား၏။ ဒါ့ကြောင့် လည်ပင်းအရေပြားမှာလဲ ပေါင်ဒါတစ်လွှာလို အရောင်သန်းနေသည်အား လှစ်ဟပြထားပေသည်။

ပေါ်ဟွိုက်က သူ့လက်တွေကို အိပ်ရာအစွန်းတွင်ထားကာ ငုံ့ကိုင်းလာပြီး အသံနိမ့်နိမ့်ဖြင့်မေးလာခဲ့သည်။

" မင်းအရမ်းရှက်နေတာလား? "

" ငါမရှက်ပါဘူး.. ငါ..."

ငါ ရှက်နေတာ....

ကျန်စုန့်ယိ သူ့နှုတ်ခမ်းတွေကိုစေ့ရင်း စကားပြောသည်ကို ရပ်လိုက်​​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now