2A1O Chapter《67》

5K 745 16
                                    

" ရှဉ့်ပေါက်ရဲ့ သွားတန်း "


ပေါ်ဟွိုက်ရဲ့ Momentတွင် လည်ပင်းတဝိုက် သွားရာဝိုင်းဝိုင်းရှိနေသော ဓာတ်ပုံတစ်ပုံရှိနေခဲ့သည်။ ယင်းကလတ်လတ်ဆတ်ဆတ်ရဲတောက်လျက်။ ဒါတောင် မလုံလောက်သေးသည့်နှယ် Captionမှာ ' မိသားစုက ရှဉ့်လေးရဲ့ သွားတန်းပါ။ သူက ဝိုင်းပြီးကိုက်ရတာကို ကြိုက်တယ် ' ဟူ၍။

.....

.....

.....

ကျန်စုန့်ယိက ရှဉ့်!

သူမှာ သွားတန်းတစ်ခုပဲ ရှိတယ်!

သူက ဝိုင်းပြီးကိုက်တယ်ဆိုတာက ဘာကိုဆိုလိုတာလဲ?

အဲ့ဒါမှာဘာမှားလို့လဲ?

ယန်ယွဲ့မှာ ရုတ်တရက်ကြီး ဆိုးဆိုးဝါးဝါးနီရဲလာသော ကျန်စုန့်ယိ မျက်နှာကြောင့် ကြောက်ရွံ့သွားရသည်။

သူ ဘယ်တုန်းကမှ ကျန်စုန့်ယိက ဒေါသဖြစ်လွန်းလို့ နီရဲလာတာမျိုး မမြင်ဖူးဘူး။ ယန်ယွဲ့ဟာ သူ့ဖုန်းလေးကို အမြန် ဆွဲယူလိုက်ပြီး စိုးရိမ်စွာဖြင့်

" စုန့်ကော မင်း အဆင်ပြေရဲ့လား? "

ကျန်စုန့်ယိဟာ တတ်နိုင်သမျှ တည်ငြိမ်အောင် သူ့ကိုသူ ထိန်းလိုက်ပြီး ပြန်ဖြေသည်။ " ငါကမင်းအတွက် ဘာလုပ်ပေးနိုင်မှာမို့လဲ?"

ယန်ယွဲ့ဟာ သူ့အမူအရာကို ထပ်ပြီးသတိပြုမိပြန်​၏။ ကျန်စုန့်ယိ အဲ့လောက်ထိ စိတ်မဆိုးနေကြောင်း သူအတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။ " ကောင်းပြီလေ.... ဒါက ကိစ္စကြီးတော့မဟုတ်ပါဘူး။ မင်းက ပေချန်ကနေ တစ်ပတ်လောက်လေးပဲ ထွက်သွားတုန်းရှိသေး ပေါ်ဟွိုက်က ဒိတ်လုပ်လိုက်တယ်။ ငါ ဒီမနက်ပြန်လာပြီး အဲ့သတင်းကိုကြားတော့ လန့်ပြီးသေတော့မလို့။ မင်းကလဲ ဂရုဆွေးနွေးပွဲကိုမလာဘူးဆိုတော့ ငါက မင်းကို စိတ်ကောက်နေတယ်ထင်ခဲ့တာ "

ကျန်စုန့်ယိ စိတ်ကောက်နေတာမဟုတ်ဘူး! သူဟာ သူ့ဖုန်းစခရင်ကို ချိူးပစ်လိုက်မိရုံဖြစ်ပြီး တစ်စုံတစ်စုံတစ်ယောက်ကတော့ အသံတိတ်ပင် အမှိုက်တစ်စဖြစ်လာဖို့ ဆုံးဖြတ်လိုက်လေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now