2A1O Chapter《14》

9.5K 1.4K 217
                                    

『Unicode 』

" လက်ထပ်ပေးရန် သဘောတူညီချက် ”


ပေါ်ဟွိုက်က တစ်ဖက်လူက ဘာကြောင့်ဒီလောက်ချစ်ဖို့ကောင်းနေရသလဲဆိုတာ တွေးနေမိ​၏။

"ခုလေးတင် မင်းက ငါ့ကို Pheromone သိမ်းလိုက်ဖို့ပြောနေတာမဟုတ်ဘူးလား?"

ကျန်စုန့်ယိမှာ မျက်နှာသေလေးနဲ့ ဖြစ်ပြီး စကားလဲမပြောလာပေ။ သူက နေမကောင်းသလို ခံစားနေရသည့်တိုင် နောက်ထပ်တစ်ကြိမ်ပြောလိုက်ဖို့လည်း ရှက်ရွံ့နေခဲ့သည်။

သို့ပေမယ့် ပေါ်ဟွိုက်ပြန်ပြုံးပြလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်လိုက်ပေးလိုက်​၏။

"ငါမင်းကို ပေးအနံ့ခံပါ့မယ်"

သူ့လက်တွေက လက်ကောက်ဝတ်ဖြူဖြူသွယ်သွယ်ဖြစ်၍ ထင်ရှားတဲ့ အရိုးအဆက်များဖြင့် အရမ်းကိုလှသည်။မီးရောင်အောက်တွင်အကြောပြာတောက်တောက်များကိုလည်းမြင်နေရပြီး Pheromone တို့ကလဲသွေးထဲကနေထုတ်လွှတ်ပေးကာ နည်းနည်းချင်း ချော့မြူပေးနေသေးသည်။

ကျန်စုန့်ယိ အံကြိတ်လိုက်မိပြီး ကိုက်ချင်လာခဲ့သည်။

သို့တိုင် သူ့အနေဖြင့် ထိန်းချုပ်ကာ ကန့်သတ်ပြီး ခပ်တန်းတန်းတော့ နေရမည်ဟု ခံစားမိပြီး ပေါ်ဟွိုက်​၏ လက်ကောက်ဝတ်ကို မထီမဲ့မြင်ဟန်လေးဖြင့် မ,ယူလိုက်ပြီး ခေါင်း ငုံ့ကာ ရှူလိုက်သည်။

ဤသည်မှာ အဆိပ်ဖြေဆေးကဲ့သို့ပင်။ သို့တိုင် စိတ်ကိုလှည့်စားတော့မည့် ကြာရှည်ရစ်မူးစေတဲ့ အဆိပ်အတောက်နဲ့ပိုတူသည်။၎င်းသည်ယာယီအားဖြင့် မသက်မသာဖြစ်စေတာကို အဆင်ပြေစေသော်လည်း တစ်ချိန်တည်းမှာပင် သူ့စိတ်တွင်နက်ရှိုင်းသောမျိူးစေ့ အဖြစ် အမြစ်တွယ်လာပြီး သူ့ကို ပိုနီးကပ်ချင်အောင် ပြုမူနေလျက် ဖယ်ရှားပစ်ဖို့ မဖြစ်နိုင်တော့သည့် ပြဿနာ​၏ အရင်းအမြစ်လေး ဖြစ်လာခဲ့သည်။

တစ်ရှိုက်ဖြင့် မလုံလောက်။ နောက်တစ်ရှိုက်ရော...

အကြိမ်ပေါင်းများစွာ ရှူရှိုက်ပြီးနောက်တွင် သူ အနည်းငယ်သက်သာရာရလာကာ ပေါ်ဟွိုက်​၏ လက်ကောက်ဝတ်ကို ကြည်ကြည်သာသာဖြင့် လွှတ်ပေးလိုက်​၏။ ထို့နောက် မျက်နှာသာပေးခံနေရသော်လည်း ပျင်းရိစွာဖြင့် စောင်ထဲကို တိုးဝင်သွားရာ "ဒူးထောက်ပြီး ဆုကိုလက်ခံပါ"ဟူသည့် စာကြောင်းကို မာနကြီးစွာဖြင့် ပယ်ချလိုက်သလိုပင်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now