2A1O Chapter《15》

9.9K 1.3K 30
                                    

『Unicode』

"တစ်ချိူ့လူတွေနဲ့ တစ်ချိူ့အရာတွေက လောင်ကျွမ်းနေပြီးပြီ"

မည်သို့ဆိုစေ သူ လေဒီထျန်ရဲ့ စိတ်အခြေအနေကို သက်သာအောင်လုပ်နိုင်ခဲ့ပြီး သူမရဲ့ အရှေ့တောင်အာရှတလွှား အယ်လ်ဖာတစ်ချို့ဝယ်ဖို့ ဟူသည့် စိတ်ကူးကိုလည်း လက်လျှော့နိုင်အောင်လုပ်နိုင်ခဲ့သည်။

ကျန်စုန့်ယိက သူ့ဘေးရှိ အဟန့်အတားဆေးပုလင်းကို ထိကြည့်နေပြီး မျက်လွှာချလိုက်ကာ ပြောလာသည်။

"မား! ကျွန်တော် ဒီအဟန့်အတားဆေးဖျန်းလိုက်ရင် မားလည်းPheromonesနံ့ နည်းနည်းမှ မရနိုင်တော့ဘူး မလား?"

"အတိအကျပဲပေါ့! ဒါက ဥရောပမြောက်ပိုင်းက ထုတ်ကုန်အသစ်ဆိုတာကို ပြောပါရစေဦး! ပြည်တွင်းက မားကတ်တွေမှာမရနိုင်ဘူးနော်။ဒါရဖို့ မင်းပါးခမျာ အတော်အားထုတ်လိုက်ရတာ၊ အစကတော့ မားသုံးဖို့ ရည်ရွယ်ခဲ့တာပေါ့! ခုတော့ သားကိုပဲ ပေးလိုက်တော့မယ် "

"Alphaဖြစ်ဖြစ် omegaဖြစ်ဖြစ် အနံ့မရနိုင်တော့ဘူးပေါ့?"

"မင်း သေချာပေါက်တော့ မပြောနိုင်လောက်ဘူး"

"အဲ့ဒါဆိုလဲ မား ကျွန်တော့်ရဲ့ ဒုတိယ Genderကို တိုင်းတာနေတာမျိူး ရှောင်ပေးနိုင်မလား?"

"..."

(ABO Universe မှာ အစောပိုင်း ပထမ Genderနှင့် ဒုတိယGenderဆိုပြီး နှစ်မျိူးရှိပါတယ်။ ပထမGenderက ဒီ Universe လိုပဲ ကျား၊ မ ခွဲတာပါ။ ဒုတိယ Genderကတော့ ထုံးစံအတိုင်း Alpha,Beta,Omegaဆိုပြီး ထပ်ခွဲပါတယ်။ )

အမေတွေက ကလေးတွေအကြောင်း အသိဆုံးပင်။ထျန်ချင်ချင်းမှာ လျင်မြန်စွာပင် ကျန်စုန့်ယိ ရဲ့ အတွေးများကို နားလည်သွားရသည်။

သဘာဝတရားကြီးက ကောင်းမွန်တဲ့ Genesတွေ ရှေ့ဆက်ဖို့ သေချာစေဖို့ ဖြစ်ကောင်းဖြစ်နိုင်မည်။ Omegaများကို မွေးဖွားနိုင်သည်ဆိုသော လက်ဆောင်ပေးပြီးနောက်တွင် သူမက သူတို့အား လူတွေကို ဆွဲဆောင်နိုင်စေဖို့ ပင်ကို အရည်အသွေးများနဲ့ လှပပြီး စမတ်ကျသွားအောင်လဲ အခွင့်အလမ်းပေးလာသေးသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now