2A1O Chapter 《46》

6.2K 994 57
                                    

Unicode

" အချင်းချင်း ရန်မဖြစ်ကြရအောင် "


ကျန်စုန့်ယိက ပြောခဲ့သည်; အသည်းတစ်သောင်းပေးပြီး အောင်ပန်းဆွတ်လာတာကို စောင့်ဖို့ရာပေါ့။ ဒါကြောင့် ဒီကိစ္စမှာ ပေါ်ဟွိုက်သူ့ကို လာခေါ်မှသာ အောင်ပွဲခံရင်း ပြန်လာနိုင်မှာဖြစ်သည်။

ကျန်စုန့်ယိဟာ ပေါ်ဟွိုက်ကို မှောင်မည်းနေတဲ့ လမ်းကြားအတွင်းက အမှောင်ထုနဲ့ ညစ်ထေးမှုတွေကို ဖောက်ထွင်းလာခဲ့သည့် ရောင်ခြည်တန်းလေးသဖွယ် မြင်နေမိသည်။ သူက အကြောက်အလန့်လဲ မရှိသလို သန်လဲသန်မာသည်။

ပေါ်ဟွိုက် ဝမ်ဟိုင်ကို တွေ့လိုက်တဲ့အခါ ဘာဖြစ်နေတယ်ဆိုတာကို ခန့်မှန်းလိုက်မိသည်။

ထိုတစ်ခဏမှာပဲ ဒီစိတ်ခံစားချက်တို့က သူ့စိတ်ထဲမှာ ရောထွေး၍ လှုပ်ရှားရ၏။ သူ တစ်ခုပြီးတစ်ခုတောင် မဆုံးဖြတ်နိုင်တော့ပါချေ။ အပြစ်မကင်းတာပဲလား။ ရင်နာရတာလား။ တမ်းတနေရတဲ့ အချစ်နဲ့ မေတ္တာတွေပဲလား။   ဘောင်ခတ်ထားသမျှ ချိူးဖျက်လိုက်တာလား။ ထွက်ပေါက်ရှာလိုက်တာပဲလား။ — အကုန်လုံးက တစ်ခါတည်း ဖြစ်လာခဲ့သည်။ အဆုံးမှာတော့ သူ ဒါတွေအားလုံးကို  ခပ်ဖွဖွအနမ်းလေးအသွင်ဖြင့်သာ ဖော်ပြနိုင်စွမ်းတော့ပေသည်။

ကျန်စုန့်ယိမှာ နေရာမှာတင် တောင့်ခဲနေသည်။ သူဟာအမူအရာကင်းမဲ့စွာဖြင့် နံရံကို မှီထားလေသည်။

ရဲတွေ ပေါ်လာမှ ထုံထိုင်းနေတဲ့ အမူအရာနဲ့ သက်သေဖြစ်တဲ့ သူက ထောင့်စွန်းရှိ ဖုန်းကို အပြီးသတ်အနေနဲ့ လက်ညှိုးထိုးပြလိုက်သည်။

ရဲက ကောက်ယူလိုက်လျှင် ကင်မရာဖွင့်ထားသည်ကိုတွေ့သွားလေသည်။ ရိုက်ထားတဲ့ တချို့အပိုင်းတွေကမှာတော့ မရှင်းမလင်းဖြစ်နေပေမယ့် ဒီနေရာမှာ ဘာဖြစ်ခဲ့လဲဆိုတာသိဖို့ လုံလောက်မယ့် တစ်ပိုင်းတစ်စတွေ စုလိုက်လို့ရ၏။

" ဒါနဲ့ဆို ဖြစ်ရပ်က ရှင်းပါတယ်။ ဒါပေမယ့် စစ်ဆေးရေးအတွက် ကျောင်းသား နှစ်ယောက်လုံးပူးပေါင်းပေးဖို့ လိုသေးတယ်။မှတ်တမ်းရေးဖို့ ငါတို့နဲ့ ပြန်လိုက်ခဲ့ပေးပါ။ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now