2A1O Chapter《22.2》

7.1K 1.1K 20
                                    


『Unicode』



နောက်တစ်နေ့ နံနက် ၆နာရီတွင် ကျန်စုန့်ယိတစ်ယောက် ပေါ်ဟွိုက်ထံမှ အိပ်ရာပေါ်ကနေ ဆွဲချခြင်းကို ခံလိုက်ရပြီး ယူနီဖောင်းနဲ့စစ်ဘွတ်ဖိနပ်ကို အတင်းအကျပ် ဝတ်ဆင်ဖို့ စေခိုင်းခံရသည်။ ကျန်စုန့်ယိမှာ ရွှီကျားရှင်းနဲ့ ယန်းယွဲ့တို့ရဲ့ နာကျင်မှုတွေကိုနားလည်သွားရပြီဖြစ်သည်။

ဒါက တကယ်ကို လူမဆန်ဘူးပဲ!

သူ့ရဲ့ မနက်ခင်း စိတ်အခြေအနေကြောင့် မျက်ခွံများမှာလေးလံနေပြီး တစ်ဝက်လောက်ကလဲ ပိတ်နေသည်။ခါးပတ်ကြိုးမှာ သူ့ခါးကို သေးသွယ်တဲ့ဓားသွားသဖွယ် ချည်နှောင်ထား၏။

သူ့ခြေတံများမှာ ရှည်လျားဖြောင့်တန်းပြီး စစ်ဘွတ်ဖိနပ်အတွင်း ထည့်ထားသည်။ ခြေလှမ်းမှာနှေးကွေးနေသည့်တိုင် သူ့အရိုးထဲတွင်ရှိနေသည့် မောက်မာသည့်ပုံစံလေးကိုတော့ ဖုံးကွယ်မထားနိုင်ပါချေ။

စိတ်ကြီးဝင်တတ်တဲ့ လူဆိုးလေးဖြစ်​သည်ပင်။

ပေါ်ဟွိုက်အလှည့်ရောက်သောအခါ သူ့ခမျာ ဂုဏ်မောက်ရုံသာရှိတော့သည်။ သူ့အရပ်မှာ အနည်းငယ်မြင့်မားပြီး ပုခုံးများကလဲကျယ်ပြန့်ကာ သူ့ခြေထောက်များဆိုလျှင် မယုံနိုင်လောက်အောင်ပင် ရှည်လျားလှသည်။ သူနှင့်ဆိုလျှင် ယူနီဖောင်းမှာ သပ်ရပ်နေပြီး ကပ်နေသည်။ သူ့ရဲ့ တစ်လက်မစီတိုင်းက ပြည့်စုံနေ​၏။

ပုံမှန်အသွင်အပြင်အတွက် တပ်နေကျ ရွှေကိုင်းမျက်မှန်မပါဘဲ သူ့မျက်လုံးများမှာ ဂရုမစိုက်ဟန်နဲ့ အထင်သေးသည့်ဟန်များရှိနေသည်။ ၎င်းတို့က အေးစက်စက်နဲ့ အထက်စီးဆန်ပြီး ထိန်းချုပ်ထားသော်လည်း အားပြင်းလှသည်။

သူတို့နှစ်ယောက်လုံးမှာ ကြမ်းတမ်းတဲ့ လူဘောင်အဖွဲ့အစည်းနှင့် အတွေ့အကြုံမရှိပါချေ။သူတို့ လေ့ကျင့်ရေးကွင်းကို အခြေချမိသောအခါ ကျောင်းသားအားလုံးနဲ့ နည်းပြများလဲ ရောက်နေပြီဖြစ်သည်။ စုစည်းမည့်အချိန်က 6:30ဖြစ်ပြီး အခုမှ 6:26ပဲရှိသေး​၏။ထို့ကြောင့် သခင်ငယ်လေးနှစ်ယောက်က အလျင်မလိုပါဘဲ လေ့ကျင့်ရေးကွင်းအစွန်ဆုံးရှိ အယ်လ်ဖာတန်းဆီကို ဖြေးဖြေးသာလျှောက်သွားကြသည်​။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now