2A1O Chapter 《26.1》

7.3K 1K 32
                                    


『ချစ်စရာကောင်းတဲ့ Parameciumလေး တစ်ကောင် ပြောင်းလဲနေပြီ 』


ပေါ်ဟွိုက်ရဲ့ ခါးပတ်ကြိုးသည် သူ့ခါးပေါ်မှာမဟုတ်ပေ​။ ခါးပတ်သည် ကျန်စုန့်ယိရဲ့ဘယ်ဘက် လက်ကောက်ဝတ်ကိုချည်နှောင်ထားသည်။

မြင့်မြတ် တည်ငြိမ်တဲ့ သိုးရေခြုံထားတဲ့ ဝံပုလွေက အညိုရောင် ခါးပတ်ကို ဂုဏ်မောက်ပြီး ချုပ်ချယ်လို့မရနိုင်တဲ့ အကြီးဆုံးသခင်ငယ်လေးရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားလိုက်တာများ ဖြူဖွေးနုမျစ်နေတဲ့ အသားအရေပေါ်မှာ အနီရောင်အမှတ်အသားတစ်ခု တောင် ပေါ်နေပြီ.....

အဟမ်း!!

ယန်းယွဲ့မှာ အတိတ်တုန်းက သဘာဝထက်လွန်ကဲနေတဲ့ဝတ္တုများစွာကို ဖတ်မိခဲ့သည်ဟု ခံစားလိုက်ရသည်။

မည်သို့ဆိုစေ ပေါ်ဟွိုက်က ကျန်စုန့်ယိရဲ့ ဘယ်ဘက်လက်ကို သူ့ညာလက်နဲ့ ခါးပတ်သုံးပြီး တင်းတင်းကြပ်ကြပ် ချည်ထားရာ လက်ကောက်ဝတ်ရိုးကနေ တံတောင်ဆစ်နီးနီး တစ်လျှောက်လုံးဖြစ်ပြီး ခါးပတ်ကိုလဲကွင်းနဲ့ ပုံသေအောင်လုပ်ထားသည်။

ထိုသို့သော ချည်နှောင်မှုမှာ ယေဘုယျအားဖြင့် လူတစ်ယောက်စီတွင် လက်တစ်ဖက် သုံးဖို့ ဆုံးရှူံးလိုက်ရသလို သဏ္ဌာန်တူပြီး တစ်ယောက်နဲ့တစ်ယောက်ပြိုင်တူ ဦးဆောင်ရတော့မည်ဖြစ်သည်။ရွေ့လျားမှုနဲ့ လှုပ်ရှားမှု အတိုင်းအတာတို့မှာတစ်ဝက်လောက်နီးပါး လျော့ကျသွားစေနိုင်သည်။

ကစားနည်းရဲ့အကျပ်အတည်းတွေက အရမ်းလွယ်တယ်လို့ သူတို့ထင်နေတာလား?ဒီတော့ သူတို့က သူတို့ကိုယ်သူတို့ညှဉ်းပန်းနှိပ်စက်ပြီး ငရဲသွားနည်းကို ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာများလား?

မွန်းစတား? ပင်ကိုစိတ်ရှိမနေတာ? ဝန်လေးတဲ့သားရဲကောင်တွေ?

သို့သော် လေ့ကျင့်ရေးကွင်းအတွင်းရှိ ဝန်လေးတဲ့သားရဲကြီးများ​၏ အရိပ်များသည် တစ်ခုနဲ့တစ်ခု လက်တွေ့ကျကျပင်လုံးလုံးလျားလျား ရွေ့လျားနေကြသည်။ ခြေတစ်လှမ်းတိုင်းရဲ့ အလျားနဲ့ သူတို့​၏ ခြေတံ ရွေ့လျားနှုန်းသည် တူညီလုနီးပါး ဖြစ်နေသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now