2A1O Chapter 《12》

9K 1.4K 41
                                    

"ဘာမှမဖြစ်တော့ဘူး, ငါရောက်လာပြီ"



စကားပြောပြီးနောက် သူ နားကြပ်ကိုတပ်လိုက်ကာ ဘယ်တုန်းကမှထိမကြည့်ဖူးခဲ့တဲ့ ရသစာပေ ရေးဖတ်နည်း လေ့ကျင့်ရေးစာအုပ်ကိုထုတ်လိုက်၍ သူကိုယ်သူ နှစ်မြှုပ်နေလိုက်သည်။ ပြီးလျှင် သူ​၏အေးစက်စက်မျက်နှာဘေးတိုက်ကို ပေါ်ဟွိုက်အား ကြည့်နေစေလိုက်​၏။

သူ့တွင် မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းလေးများရှိပြီး အတွင်းမှသည် အပေါ်ဘက်ကို ညှို့ချက်ပြင်းစွာ ကွေးတတ်သွားသည်။ ထို့အပြင်မျက်ရစ်နှစ်ထပ်လေးများကလဲ အနည်းငယ်ပြန့်ကားနေတတ်သည်။ မျက်လုံးလေးများက နက်ပြာပြာလေးများဖြစ်ပြီး မျက်တောင်များကလဲ ရှည်လျားကာ ကော့ညွှတ်​၏။ မည်သည့်ရှူ့ထောင့်ကပဲ ကြည့်နေပါစေ ချစ်ချင့်စဖွယ်ကောင်းနေသည်ပင်။

အေးတိအေးစက်ဖြစ်နေပြီးနောက် သူ​၏မျက်လုံးများကလဲ မကျေနပ်သည့်ဟန်အပြည့်ဖြစ်နေသည်။ သူတို့မှာ အမြဲလိုလို အထက်စီးဆန်သည့် ပုံစံမျိုးပေါက်လေ့ရှိသော်လည်း မည်သည်ကြောင့်မသိ၊ လူတွေကို အမြဲလိုလို ချော့ပေးလိုက်ချင်စိတ်ဖြစ်အောင် လုပ်တတ်ပြန်သေးသည်။

ပေါ်ဟွိုက်မှာ လွန်ခဲ့သောနှစ်ရက်ကသူရှို့ခဲ့တဲ့ မီးက သခင်ငယ်လေးကို အနည်းငယ်ရှက်သွားစေသည်ဟု ထင်မိသည်။ သူက စ,ချင်တာသာဖြစ်ခဲ့ပေမဲ့ အဆုံးမှာတော့ မတော်တဆဆိုသလို ကျန်စုန့်ယိ​ကို ဒေါသပဲထွက်သွားစေတာဖြစ်မည်။

သူက နန်ဝေကနေ ထွက်ခွာမှာလဲမဟုတ်သလို ကျန်စုန့်ယိကလဲ Alpha မဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထိုကဲ့သို့ရက်စက်သောစကားများကို ယတိပြတ်ပြောလိုက်ခြင်းက သေချာပေါက်ကို မုန်းနေတာကြောင့်ဖြစ်ပြီး သေဆုံးသည်အထိ တိုက်ခိုက်သွားမည်ဟု ခိုင်ခိုင်မာမာပြောလိုက်သကဲ့သို့ပင်။

ပေါ်ဟွိုက် သူ့ မျက်ခုံးများကို ကုတ်လိုက်မိသည်။

မေ့လိုက်ပါတော့လေ အမုန်းတရားတွေကို လက်ကိုင်ထားတယ်ဆိုရင်လဲ သူ့ကို မုန်းလာတာ ဆယ်နှစ်ကျော်တောင်ရှိနေပြီပဲကို...

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now