2A1O Chapter《72》

4.1K 696 45
                                    

" ရှဉ့်ကလေး "

ကျန်စုန့်ယိသည်ကား သူမူးနေချိန်တွင် မမူးပါဟုသာဆက်တိုက်ပြောနေခဲ့​၏။ မဟုတ်ပါက သူဒီလိုပြောဖို့ မဖြစ်နိုင်ပါချေ။ယင်းသည် ကျောင်းရဲ့ Alphaတွေထဲက Alpha လို့ မှတ်ယူထားခံရပါသော လေးလံသည့်ဝန်ပိုးကြီးနှင့် ရင်ဆိုင်ရမည်ဖြစ်သော ဖြစ်ရပ်မှန်ကြောင့် ဖြစ်​၏။

သို့တိုင် ကျန်စုန့်ယိ မူးနေလျှင် သူ့စကားလုံးတွေတိုင်းက စိတ်ကူးပေါက်ရာ တာဝန်မဲ့ မှတ်ချက်တို့အဖြစ် ခေါင်းစဉ်တပ်လို့မရပေ​။ယင်းအစား အူလှိုက်သည်းလှိုက် ထိရှသည့် စကားလုံးတွေအဖြစ် မြင်ယောင်လာမည်ဖြစ်သည်။

သို့သော် အပေါ်ကတခြားအရာများထက်၊ ၎င်းတို့က အလွန်အကျွံအဖိုးထိုက်နေသည်မှာ ထိုစကားများဟာ ဘယ်တုန်းကမှမပြောခဲ့ဖူးလို့ဖြစ်လေသည်။

ထို့ကြောင့် ပေါ်ဟွိုက်ဟာ ထိုနေရာမှာရပ်၍ ကျန်စုန့်ယိကိုကြည်ကာ သူဘာပြောသလဲဆိုတာကို စူးစူးစိုက်စိုက် နားထောင်နေခဲ့သည်။

ကြည့်ရတာ သူ သူ့အတွက်လုပ်ခဲ့သမျှ လက်ဟန်ခြေဟန်အားလုံးကို နားလည်ပြီး မှတ်မိနေတော့မည်ထင်သည်။

ကျန်စုန့်ယိ... အဲ့ဒီအသေးလေး။ သူဟာတကယ်ကို နှလုံးသား လုံးလုံးမဲ့နေတာမှမဟုတ်ဘဲ...ဒီအတိုင်း နည်းနည်းလေး ကို့ရို့ကားယားနိုင်နေရုံသာ။

ထို့အပြင် လူတိုင်းမှာ ရုတ်တရက် အံဩထိတ်လန့်စွာဖြင့် နည်းနည်းပင် လှုပ်ရှားသွားသလို ခံစားကြ​ရ၏။

အမှန်တကယ်တွင်တော့ သူတို့အများစုမှာ ပေါ်ဟွိုက်နဲ့ သိပ်မရင်းနှီးကြပါချေ။ သူတို့​၏ သူ့အပေါ်မှာ နားလည်နိုင်စွမ်းကမထိနိူင်သည်ထက်ပင် ပိုဝေးနေ​၏။သူက အရမ်း အေးစက်လွန်းသည်မို့ ကျန်စုန့်ယိပတ်သက်သည့်များမှလွဲ၍ ဝင်ပါလေ့မရှိတာကြောင့် ဘယ်သူကမှ သူ့ကို မသိပါပေ။

ဆန့်ကျင်ဘက်အနေနဲ့ ကျန်စုန့်ယိကတော့ စိတ်တိုလွယ်ပြီး စိတ်ဆိုးတတ်သော်လည်း တကယ်တမ်းမှာတော့ သူက အရမ်းကြင်နာကာ စိတ်ချရသည်မို့ လူတွေကို နွေးထွေးသလို ခံစားရစေသည်။ ထို့ကြောင့် နှစ်တွေအများကြီးကြာတာတောင်အတန်းထဲမှာ ကျန်စုန့်ယိကို မကြိုက်တဲ့သူဟူ၍ မရှိ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now