2A1O Chapter《51》

6.5K 948 46
                                    

Unicode

" ညီအစ်ကိုတွေက အချင်းချင်းကြည့်ရင် မရှက်ဘူး "


ပေါ်ဟွိုက်က ကျန်စုန့်ယိရဲ့ ဂလင်းပေါ်မှာ လက်တင်လိုက်သည်။ သူက နူးညံ့ပြီး ထိခိုက်မခံတဲ့နေရာလေးကို စက်ဝိုင်းပုံပွတ်ပေးလိုက်ပြီးမှ လိုသလို ပုံစံအတိုင်း ခြေရာကောက်လိုက်သည်။

ကျန်စုန့်ယိ နောက်ကျောလေးမှာ ချက်ချင်းဆိုသလို တောင့်တင်းသွား​၏။ "ပြဿနာမလုပ်စမ်းနဲ့!"

ပုံမှန်ချိန်က အဟန့်အဟောက်နဲ့မတူသည်ကတော့ တကယ် ထိတ်လန့်မှုလေး ရောထွေးလျက် ။

ပေါ်ဟွိုက်က သူဘာတွေးနေလဲသိနေသဖြင့် သူ့လက်ကိုရုတ်လိုက်ကာ လက်ဖျားတွေကို နှစ်ခါလောက်လှည့်ကြည့်လိုက်သေးသည် ။ " အရင်တုန်းက မင်းပဲ ငါ့ကိုအမှတ်အသားပြုဖို့ပြောခဲ့တာမဟုတ်ဘူးလား?ဒီတစ်ခါ မလိုချင်တော့ဘူးလား"

ကျန်စုန့်ယိမှာ အဲ့ဒါတွေအားလုံးကို မေ့ပစ်၍ အဆင်ပြေနေပြီဖြစ်၏။ ပေါ်ဟွိုက် ပြောလိုက်သည်နှင့် ကျန်စုန့်ယိမှာ ကြမ္မာငင်သောထိုနေ့ကို တွေးမိသွားလျှင် သူ့သွေးတွေဆူပွက်လာတော့သည်။

​သူရဲ့ အမှတ်အသားပြုရန် ဖိတ်ခေါ်မှုအပေါ် ပေါ်ဟွိုက်က ကြွစောင်းစောင်း လူဖြစ်ခဲ့တာကို တွေးမိလိုက်ရင်...

ကျန်စုန့်ယိ နှာမှုတ်လိုက်သည် ။ '' အဲ့ဒါက ဘာလို့လဲဆိုတော့ ငါက သောက်ကျိူးနည်းမှ လှုံ့ဆော်ဆေးကြောင့်ကွ! ပြီးတော့ ငါ့စိတ်ကရှင်းလင်းမနေဘူး။ မဟုတ်ရင် ငါမင်းကို စောစောစီးစီး ကန်ချလိုက်ပြီ။ ငါ,ကျန်စုန့်ယိ ပထမဆုံးအကြိမ်အဖြစ် အငြင်းခံလိုက်ရပြီ။ ဒုတိယအကြိမ်အဖြစ်ဘယ်တော့မှရှိမလာနိုင်တော့ဘူး။ မင်းလဲ အခွင့်အရေးဆုံးရှူံးသွားပြီပဲ။ ငါက မင်းကို ဟော့ဒီ နှလုံးသားကြီးပေးလိုက်တယ်ဆိုရင်တောင် မင်းဘဝမှာ ငါ့ကို အမှတ်အသားပြုလို့ရမှာမဟုတ်ဘူး "

"အဲ့လောက် သတ္တိမရှိဘူးပေါ့ "

ကျန်စုန့်ယိကတော့ ပိုပြီးခိုင်ခိုင်မာမာဖြစ်အောင်လုပ်လိုက်သည်။ "ဒါပေါ့! မင်းကြိုက်သလို တွေးလို့ရတယ်။ ငါက သတ္တိမရှိဘူး။ မင်းက Alphaဖြစ်တာနဲ့ပဲ ကြီးမြတ်လှပါပြီလို့ မတွေးလိုက်နဲ့! မင်းငါ့ကို အမှတ်အသားလုပ်ဖို့ ကြိုးစားရင် ငါဘာသာပဲ လျှာကိုက်သေလိုက်မယ်။ ငါက မင်းငါ့ကို အမှတ်အသားပြုဖို့ မဖြစ်နိုင်အောင် လုပ်နေမှာ။ ငါ့စကားတွေကို မှတ်ထားလိုက် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now