2A1O Chapter《66》

5.4K 762 15
                                    

" ပေါ်ဟွိုက်က အကြီးစားအမှိုက်ကောင် "



နဂိုကကျန်စုန့်ယိသည် ခရစ်စမတ်လနှင်းကျနေချိန်မှာဖြစ်တဲ့ သူတို့ရဲ့ ပထမဆုံးဒိတ်က ကောင်းလောက်မည်ဟု ထင်ခဲ့သည်။ သူတို့တွေ ရုပ်ရှင်ကြည့်ကြမည်၊ ညစာစားပြီး လမ်းမပေါ် လျှောက်ထွက်ကြမည် ဟူ၍။

သို့သော် အကြောင်းတချိူ့ကြောင့် သူဟာ နှင်းဆီပန်းရောင်းပြီး ဟိုတယ်တစ်လျှောက်လုံးဆက်ရောင်းမိသွားတာကြောင့်သူ့ကိုယ်သူကို နာကျင်ပြီး ရှက်ရွံ့သွားအောင် ခံစားရဖို့လုံလောက်သွားပါ​၏။

ကျန်စုန့်ယိ အိပ်ရာထဲမှာ ခွေနေရင်း စောင်နှင့်ပတ်ထားသည်။ သူဟာ တစ်လက်မလေးပင် မရွှေ့ချင်သလို ခေါင်းအုံးထဲခေါင်းနှစ်ထား​၏။

ပေချန်တက္ကသိုလ်က အိပ်ရာမှာ တကယ် သက်သောင့်သက်သာမဖြစ်လှ။ သူ သက်သောင့်သက်သာနဲ့ နောက်ဆုံးအိပ်ခဲ့ရသည်မှာ အတော်ကြာပေပြီ။

ထိုအခိုက် ပေါ်ဟွိုက်က ရေချိုးခန်းမှ ထွက်လာပြီး ကျန်စုန့်ယိတစ်ယောက်ဘယ်လောက်တောင် ငိုက်မြည်းနေသလဲဆိုတာကို တွေ့လိုက်ရသည်။ သူက ကုတင်ဘေးမှာဝင်ထိုင်ပြီး ခေါင်းပွတ်ပေးလာသည်။ " အရမ်းပင်ပန်းနေတာလား? "

ကျန်စုန့်ယိက ခေါင်းညိတ်ပြလိုက်​၏။

ပေါ်ဟွိုက်က အသံထွက်ရယ်လိုက်ပြီး " အဲ့ဒါက တကယ်ကိစ္စပေါ့? လာပါ ကြည့်ရအောင်... မင်းခုထိထနိုင်သေးတယ်လို့ထင်နေသေးလို့ "

ကျန်စုန့်ယိက သူ့ကိုကြောက်စရာကောင်းသည့် အကြည့်စူးစူးမပေးခင် မျက်ခုံးပင့်လိုက်ပြီး " အခု လူယုတ်မာ ဆန်မလာနဲ့နော်! "

" ဘယ်သူက အရင်စိတ်ဆိုးနေတာလဲ။ ဘယ်သူက အရင် ဇာတ်ကွက်မလုပ်ပဲမနေနိုင်တာလဲ ။ မင်း ပြောသလို ငါကလူယုတ်မာဖြစ်အောင် ပြီးတော့ ဘာတွေများမီးမွှေးခဲ့လို့လဲ? မင်း သက်တောင့်သက်သာဖြစ်တဲ့အချိန်တုန်းကကျ ဘာလုပ်ခဲ့တာလဲ? "

"....."

ကျန်စုန့်ယိမှာ နှစ်ပေါက်တစ်ပေါက် ရိုက်ရန် အချိန်မရသေးခင် ပေါ်ဟွိုက်က အရင်သူ့ကို ဖြတ်ချပစ်လိုက်ပြီပင်။ " ပြီးတော့ ဒီတစ်ခါ, မင်း Heatဖြစ်နေတာလဲမဟုတ်သလို၊ မူးနေတာလဲမဟုတ်ဘူး။ မင်းက မင်းကိုယ်တိုင် လုပ်ချင်ခဲ့တာပဲ, ဒါကြောင့် ငါကပဲမင်းကို အခွင့်ကောင်းယူသလို မပြောလာနဲ့ "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now