2A1O Chapter《73》

4.7K 700 61
                                    

" အချစ်အတွက် ခေါင်းပြောင် "



နေရောင်ထဲ၌ မည်သည်အသစ်အဆန်းမှမရှိနေ။

ညတာရှည်စွာ သောက်စားသီဆိုပြီးသည့်နောက် ကျန်စုန့်ယိ နိူးလာခဲ့လျှင် သူ့ခေါင်းဟာ ထပ်ပြီးထုနှက်ခံရသလို ခံစားရ​၏။ ကံမကောင်းစွာနဲ့ ဒီတစ်ခါကတော့ အရင်တစ်ခေါက်က ညထက် အများကြီးပိုဆိုးနေသည်။

သူ ချက်ချင်း မျက်မှောင်ကြုတ်၍ စောင်အောက်ကို ပြန်လျှိုဝင်လိုက်ပြီး ပြန်အိပ်ချင်ခဲ့သည်။

မည်သို့ဆိုစေ လှေကားတစ်လျှောက် ဧည့်ခန်းဆီမှ ဆူညံသံတစ်ခုက သူ့ရဲ့ ကြီးထွားနေသော ခေါင်းကိုက်ခြင်းကို ပိုဆိုးအောင်လုပ်နေခဲ့​၏။ ယင်းက သူ့ဒူးထဲက နာကျင်မှုကိုတောင် နှိုးဆွနိုင်ခဲ့လေသည်။

၎င်းက ရုတ်တရက်ကြီး ဘာကြောင့်နာနေသလဲဆိုတာ သူ သိချင်မိသော်လည်း သူ့မှတ်ဉာဏ်တွေဟာ သော့ခတ်သိမ်းခံလိုက်ရသလိုပင်။ ထိုနေ့ညက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို မှတ်မိရန် ကျန်စုန့်ယိ အဖို့ နည်းနည်းလေး ပိုပြီးတောင်အားထုတ်လိုက်ရသည်ဖြစ်​၏။တွေးကြည့်ဖို့ရာ ဆန္ဒမရှိ ပျင်းတွဲတွဲဖြင့် သူဟာ ခေါင်းအုံးနှင့် စောင်ကြားထဲကို သူကိုယ်သူ နှစ်ဝင်လိုကိသည်။ သူ့မျက်လုံးတွေကို မှိတ်ထားရင်း ဦးနှောက်က ဟင်းလင်းဖြစ်နေသည်မှာ တစ်ဝက်အိပ်၊တစ်ဝက်နိုးအခြေအနေကို ပြသနေတာပင်။

ခဏအကြာမှာတော့ အောက်ထပ်က အသံက ပျောက်ကွယ်စပြုလာ​၏။ သူ တံခါးပိတ်လိုက်သံကိုပင် ကြားလိုက်ရကာ၎င်းနောက် ကျန်စုန့်ယိ အပေါ်ထပ်ကို တက်လာသည့်ခြေသံတွေနှင့် သူ့တံခါးကို ဖွင့်လိုက်သည်များအား ကြားလိုက်ရလေသည်။

ကျန်စုန့်ယိ စစ်ကြည့်နေစရာမလို၊ သူဟာ ပေါ်ဟွိုက်ဖြစ်နေကြောင်းသိနှင့်ပြီးသားဖြစ်တာကြောင့် လက်ကလေးတောင်လှုပ်ချင်မနေခဲ့ပါ။

မကြာမီမှာပင် ညင်သာသည့် အနမ်းတစ်ပွင့်က သူ့နဖူးပြင်ပေါ်ကို ကျလာခဲ့သည်။ " လိမ္မာတဲ့ကောင်လေး... ထပြီး ဒီပျားရည်နွေးကို သောက်လိုက်အုံး။သောက်ပြီးရင် ပြန်အိပ်လို့ရတယ် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now