2A1O Chapter《64》

5K 833 46
                                    


" မင်းအိတ်ကပ်ထဲမှာ "

__________________

ကျန်စုန့်ယိက ဒါကိုပေါ်ဟွိုက်လို့ ချက်ချင်းတွေးလိုက်မိတာကြောင့် စဉ်းတောင် မစဉ်းစားနေတော့ဘူး။

သူ ကုတင်ပေါ်ကနေ ချက်ချင်းထလိုက်သည်​။ ကျန်စုန့်ယိ ကုတ်ပင်ထပ်မဝတ်နိုင်တော့ဘဲ ဖိနပ်အပါးတစ်ရုံကိုသာကောက်စီးလာခဲ့သည်။ သူ တစ်လမ်းလုံး ခြေဗလာဖြင့် အောက်ထပ်ကို ပြေးလာခဲ့လေ​၏။

သို့ပေမယ့် သူ မြေညီထပ်ကို ခြေတစ်လှမ်းချလိုက်မိသည်နှင့် ကျန်စုန့်ယိ ကြောင်အသွားရသည်။ သူ အခုကြုံလိုက်ရတဲ့အနာဂတ်ဖြစ်နိုင်ခြေတွေကို ပြန်လည်သုံးသပ်ကြည့်မိလျှင် ဒါသည် ကြီးလွန်းတဲ့ ဆုံးရှုံးမှုကြီးပိ။ ဒီလိုအချိန်မျိူးမှာ ပေါ်ဟွိုက်က ဘယ်လိုလုပိရောက်လာနိုင်မလဲ။

လစဉ်စာမေးပွဲတွေက ငါးနာရီလောက်အထိ ပြီးသေးမှာမဟုတ်။အခုက ၉နာရီဖြစ်တာကြောင့် သူ နန်ဝေကနေ နန်ချန်လေဆိပ်ကို သွားဖို့ ငါးနာရီ ခြောက်နာရီလောက် စီးရမှာဖြစ်ပြီး ပေချန်လေဆိပ်ထိ လေယာဉ်စီးကာ ပေချန်တက္ကသိုလ်ကိုမောင်းရပေဦးမည်။ ဒါတောင် ခန့်မှန်းည့်အချိန်က ဖင့်နှေးတာမပါသေးတာကို မပြောလေနှင့်။

သို့သော် ကျန်စုန့်ယိ ဒါကို သံသယလွန်ကဲနေဆဲ။ နှင်းခဲတွေက မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ နှောင့်နှေးမှုတွေဖြစ်နေစေသည်။ အခုချိန်မှာ တကယ်သာ ပေါ်ဟွိုက်ပေါ်လာခဲ့ပါက သူဟာ မနက်စောစောကတည်းက နန်ချန်လမ်းကနေထွက်လာတယ်လို့ ဆိုလိုတာပင်။

ထပ်ပြီး စဉ်းစားစရာတစ်ခုက ပေါ်ဟွိုက်က ဘာလို့ဒီကိုလာတာလဲ။

ကျန်စုန့်ယိသည်ကား မနက်ဖြန်မှာပဲ ပေချန်ရှိ သူ့အရေးတွေကို ပြီးစီးတော့မည်ဖြစ်သည်။ပေါ်ဟွိုက်က နန်ချန်မှပဲ သူ့ကို မစောင့်နေနိုင်ဘူးလား? ဘယ်လိုလုပ်ပြီယ ရုတ်​တရက်​ကြီး သူ့ကို လာရှာတာလဲ? ကျန်စုန့်ယိကို နှစ်ရက်လောက်ပဲ စောတွေ့ဖို့တင်ပဲလား?

သူ ထိုမျှလောက်တော့ ရူးမိုက်နေမှာမဟုတ်။

ကျန်စုန့်ယိ တကယ်ပေါ်ဟွိုက်ကို အရမ်းလွမ်းပါ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now