2A1O Chapter《25》

7.6K 1.1K 18
                                    


" သောက်ကျိူးနည်း ဘယ်လို စစ်ဆင်ရေးကြီးလဲ?”


ကျန်စုန့်ယိက လက်ဗလာနဲ့ ထွက်သွားပြီး လက်အပြည့်နဲ့ ပြန်လာခဲ့လေသည်။

ပေါ်ဟွိုက်က ကြည့်နေခဲ့​၏,"လုလာတာလား?"

"ချမ်းသာတဲ့ လူဆီက လုပြီး ဆင်းရဲတဲ့သူကို ကူမလို့!"

ကျန်စုန့်ယိက ပေါ်ဟွိုက်လက်မောင်းဆီကို အိတ်ပစ်ပေးလိုက်သည်။ ပထမဆုံးအကြိမ် ဆင်းရဲခြင်းအတွက် အထောက်အပံ့ယူလိုက်ရသည့် ပေါ်ဟွိုက်မှာတော့ ပန်းရောင် Cosmeticအိတ်ကြီးကို ကြည့်ရင်း ရယ်ချင်လာခဲ့သည်။

"မင်းနဲ့ ကျိုးလော့က ပြတ်ပြီလား?"

"အကုန်လုံးက ညီအစ်ကိုကောင်းတွေချည်းပဲ!ဘာမှမရှိဘူး."

ပေါ်ဟွိုက် ခြင်နိုင်ဆေးကို အေးအေးလူလူပင် လူးလိုက်ပြီး တည်ငြိမ်စွာပြောလာခဲ့သည်။

"တဆိတ်လောက် ငါက အယ်လ်ဖာနော်၊ ဘာလို့ငါက အိုမယ်ဂါနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ရမှာလဲ?"

"... ငါ့ကို ခြင်နိူင်ဆေး ပြန်ပေးလိုက်!"

ပေါ်ဟွိုက်က ရယ်မောလာသည်။

"မင်းဘာလို့ အရမ်းကပ်စေးနှဲရတာလဲ? စတာပါကွာ! လုချီဖုန်းလဲ အယ်လ်ဖာပဲ မဟုတ်ဘူးလား? မင်းတို့ နှစ်ယောက်နဲ့ဆက်ဆံရေးကောင်းတာပဲမလား? "

"အမှန်ပဲ! ဒါပေမယ့် လုချီဖုန်းက ကွဲပြားတယ်! ဒါက ကံကြမ္မာတစ်လျှောက်လုံး ခိုင်မြဲနေမဲ့ ဆက်ဆံရေးမျိူး"

ကျန်စုန့်ယိက ခြေထောက်ကို ကန့်လန့်ဖြတ်လိုက်ပြီး ပျင်းရိစွာနဲ့ နို့ဘူးကို ပါးစပ်မှာကိုက်ထား​၏။

ပေါ်ဟွိုက်က ခြင်နိုင်ဆေးဘူး အဖုံးကို အသံမြည်အောင် ပိတ်ချလိုက်သည်။

တစ်စုံတစ်ယောက်က မနေ့ကတင်ပြောခဲ့တဲ့ "ငါတို့ဆက်ဆံရေးက အမြဲတမ်း ကွဲပြားနေမှာ"ဆိုတာကို သူ့အနေနဲ့ အသိပေးလိုက်သင့်လား၊ မသင့်လား မသိတော့ပါချေ။ထိုအချိန်ကနေ ခုထိ သူ ထိရှနေဆဲပင်။ သူ ကွဲပြားတယ်ဆိုတဲ့ လူအများကြီးကိုတော့ မမျှော်လင့်ခဲ့ဘူးလေ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now