2A1O Chapter《58》

5.6K 793 19
                                    

Unicode

" အစွန်းရောက်တာက ငွေလုံးငွေရင်းရှိတယ် ''

မလုံလောက်သေးသည့်နှယ် ကျန်စုန့်ယိ၏ လျှာဖျားလေးက ပေါ်ဟွိုက်ရဲ လည်ဇလုတ်တစ်ဝိုက်မှာပဲ ရန်စသလိုဖြင့် စုပ်လိုက်သည်။

Keys ဆယ်မျိူးက တစ်ပြိုင်နက်တည်းဖိခံလိုက်ရ၍ အသံကျယ်ကြီးထွက်ပေါ်လာလေသည်။

လေးလံနေတဲ့ အသက်ရှူသံကရော.. ရောထွေးနေလျက်။

"ကျန်, စုန့်, ယိ!."

ကျန်စုန့်ယိ​၏ခေါင်းထက်မှအသံမှာ ပုံမှန်ထက် ပိုပြီးလည်ချောင်းသံပါနေချေသည်။ကျန်စုန့်ယိသည် လုပ်ရဲပြီးခါမှ သူဟာ ပြဿနာတက်နေပြိဆိုတာကို သဘောပေါက်လိုက်တော့​၏။

မီးမွှေးလိုက်ပြီဆိုလျှင် မင်းအနေနဲ မီးငြိမ်းပေးရမယ့် ဖြစ်နိုင်ချေ အလားအလာ အရမ်းမြင့်မားသည်။

ကျန်စုန့်ယိ ပထမဆုံး ထပြေးရန် ကြံလိုက်ပါသော်လည်း ပေါ်ဟွိုက်လက်မောင်းတွေက အနောက်ကို ပြန်ဆွဲထားကာ စန္ဒယားပေါ်မှာ ဖိချလိုက်လေသည်။

စန္ဒယားမှာ အရင်ကထက် ပိုသော အသံကျယ်ကြီးတွေ ထွက်ပေါ်လာခဲ့​၏။

ပေါ်ဟွိုက်က သူ့ကို လက်တစ်ဖက်နဲ့ ဖိထားပြီး တစ်ဖက်ကတော့ သူ့လည်ဇလုတ်ကို ထိကြည့်လိုက်သည်။ " မင်းပြောခဲ့တာ ငါက အမြဲတမ်း အခွင့်အရေးပြန်ယူတတ်တဲ့ တွန့်တိုတဲ့ကောင်လို့။ ငါကပြန်ရယူရတာကိုလဲကြိုက်တယ်... ငါအကိုက်ခံရမယ်ဆိုရင် ငါပြန်ကိုက်ရမှာပဲ။ "

လက်နှစ်ချောင်းနဲ့ စကားပြောလိုက်သည်။ "နှစ်ဆ."

ကျန်စုန့်ယိမှာ စန္ဒယားပေါ်ဖိခံထားရပြီး သူ့မျက်လုံးတွေက အရည်လဲ့နေဆဲဖြစ်တဲ့ လည်ဇလုတ်နီရဲရဲပေါ်မှာကျရောက်သွား​၏။ သူ့နားတွေသာ အပူတက်လာတော့သည်။
ကျန်စုန့်ယိဟာ တကယ်ကို လိင်မှုကိစ္စမှာ စွဲလမ်းနေတာဖြစ်ကာင်းဖြစ်နိုင်၏။
ကိုယ့်ဘာသာကိုယ် ရှက်တတ်စမ်းပါ..

ဒါပေမယ့် အခုတော.....
သူတကယ်ကို ပေါ်ဟွိုက်က သူ့ကို ကိုက်လာတာကို လိုချင်နေသည်။

သူတို့တွေ စိတ်ရှည်ပြီး ထိန်းချုပ်လေလေ... သူတို့နှလုံးသားတွေက တစ်ယောက်အတွက်တစ်ယောက် ပိုလှုပ်ရှားလေလေပင်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now