2A1O Chapter《24》

7.7K 1.1K 74
                                    



『သူက မင်းနဲ့ မယှဉ်ပြိုင်နိုင်ဘူး




သူတို့က ညီအစ်ကိုတွေပဲလေ။

သူက ရေခဲတုံးလဲ ဖြစ်နိုင်သလို သူက ခေါင်းအုံးလဲ ဖြစ်နိုင်တယ်။ များများစားစား ကွဲပြားသွားမှာမှ မဟုတ်တာ။

ထပ်ပြောရရင် အခုဆို သူတို့က အတော်လေး ရင်းနှီးလာခဲ့ပြီ မဟုတ်လား?

ကျန်စုန့်ယိက သုံးစက္ကန့်မျှလေးလေးနက်နက်တွေးလိုက်ပြီး သူ့ ကိုယ်နေဟန်ထားကို ပြုပြင်ပြီးပြီဖြစ်သည်။လေးစက္ကန့်မြောက်မှာပဲသူ့အကြံအစည်လေးဟာ သရဲလို မြည်ကြွေးသံတစ်ခုထံမှ ပိတ်ဆို့ခံလိုက်ရသည်။

"စုန့်ကော! ဒယ်ဒီ! ဒယ်ဒီကျန်! ကျေးဇူးပြုပြီး ဒယ်ဒီ့ ကလေးလေးတွေကို ကယ်ပါဦး !!!!"

ဘယ်က ပေါ်လာမှန်းမသိတဲ့ ယန်းယွဲ့က ကျန်စုန့်ယိပေါင်ကို လာဖက်လေသည်။

ပေါ်ဟွိုက်: "..."

ကျန်စုန့်ယိ: "..."

ယန်းယွဲ့က မြေကြီးပေါ်တွင် လူးလှိမ့်နေပြီး ကျန်စုန့်ယိရဲ့ပေါင်ကိုလဲ ဖက်ထားပြန်သည်။

"ဒယ်ဒီ, ငါ့ကို ဘယ်လိုပစ်ရမလဲသင်ပေးပါ ဟုတ်ပြီလား​? မင်းသိလား ငါမနေ့က testမှာ ၃ကီလိုတောင်အပြည့်ပြေးလိုက်ရတာ!"

"သူက ပစ်ချက်ဆယ်ခုမှာ တတိယကွင်းထဲကိုတောင် မဝင်ဘူး။ နည်းပြကသူ့ကို ပြစ်ဒဏ်တောင် ခွဲပေးလိုက်ရတယ်။ တကယ်စိတ်မချမ်းသာစရာပဲ."

ကျန်စုန်ယိ: "..."

ရွှီကျားရှင်းကပါ ဘယ်ချောင်က ရောက်လာတာတုန်း?

ခေါင်းကိုက်သွားသဖြင့် သူ့မျက်ခုံးများကို ဖိချလိုက်သည်။

"မျက်ကန်းလိုပစ်ပြီး ကံလုံးဝကောင်းမနေရင်တောင် မင်း ဒီလောက်တော့ မဆိုးဘူးမဟုတ်လား?"

"မဟုတ်ဘူး စုန့်ကော! ငါက ဗိုက်ခေါက်ထွက်နေလို့ပါ။ ငါ မြေကြီးနဲ့ ကပ်နေအောင် မဖိနိုင်ဘူး!"

"..."

သောက်ကျိုးနည်း ဆင်ခြေတွေအပြည့်နဲ့!

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now