2A1O Chapter 《63》

5.1K 746 31
                                    

" ကျန်မိသားစုရဲ့ သမက် "

တိုက်တိုက်ဆိုင်ဆိုင်ဆိုတာက ဘာကိုဆိုလိုချင်တာလဲ။

ကျန်စုန့်ယိ ပေချန်မှာများ ပေါ်ဟွိုက်ရည်းစားဟောင်းနဲ့လာတိုးနေသလား။

ကျန်စုန့်ယိ စိတ်တော့မဝင်စား။

ခေါင်းပြားကောင် ဖျင့်တို့'ကောက သူ့ထက် ပိုပြီး စပ်စုလိုစိတ်ရှိကာ သူ့ကို ရွှင်ပျစွာကြည့်လို့လာသည်။ " မင်းနဲ့ ပေါ်ဟွိုက်တို့ ဆက်ဆံရေး အဆင်ပြေရဲ့လား? မဟုတ်​ရင်​ ဒီအချိန်ကြီးကျမှ မင်း သူ့ကိုမ​ခေါ်လောက်ဘူးလေ "

" အား..." ကျန်စုန့်ယိမှာ သူ့အား သူတို့တွေက လင်တစ်ဝက်၊မယားတစ်ဝက်ဖြစ်နေပြီဆိုတာ ပြောပြဖို့ရာ အဆင်မပြေလောက်သလိုခံစားရလေသည်။

ဖျင့်တို့ကောက သူ့အခန်းဖော်အသစ်လေးကို သံသယတွေနဲ့ ကြည့်ရင်း သာ၍ပင် စိတ်လှုပ်ရှားလာခဲ့​၏။

" ငါတို့ဒါကြောင်း အတင်းအုပ်ကြည့်ကြမလား။ ပေါ်ဟွိုက် သူ့မိန်းမကို လိုက်ပိုးတာ အောင်မြင်သွားပြီလား ? "

ကျန်စုန့်ယိ ကြောင်အမ်းသွားရသည်​။ သောက်ကျိူးနည်းမှ? ပေါ်ဟွိုက်က သူ့ကိုလိုက်နေတယ်ဆိုတာက ပေချန်မှာတကယ်ကြီးသိနေကြတာလား?

မည်သို့ဆိုစေကာမူ သူဟာ မျက်နှာသေဖြင့်သာ ပြန်ဖြေနိုင်ပါသည်။ " ငါနားမလည်ဘူး "

" အာ? ပေါ်ဟွိုက် မလိုက်နိုင်သေးတာများ ဖြစ်နေမလား? အဲ့လိုတော့ မဖြစ်နိုင်ပါဘူး..... " ဖျင်တို့ကောက ခေါင်းခါလိုက်​၏။

သူတို့ စကားစမြည်အလယ်လောက်၌ ကျန်စုန့်ယိက မနေ့ညက ပေါ်ဟွိုက်လက်​၏ ခံစားချက်နှင့် အပြန်အလှန်အနေဖြင့်ပေါ်ဟွိုက်အား အပေါ်အောက် အလိုလိုက်ပေးပြီးနောက် သူ့လက်မောင်းဆီမှ နာကျင်သည့် ခံစားချက်တို့အား ပြန်လည်အမှတ်ဖော်မိသည်။ဒါက လေ့ကျင့်ခန်းပေမယ့် ကျန်စုန့်ယိဟာ ပေါ်ဟွိုက်က အတော်လေး တော်သည်ဟု ထင်မိ​၏။

သူ့မှတ်ဉာဏ်တွေထဲကို ထိုးဆင်းရန်ပြင်ခိုက်မှာပဲ ရုတ်တရက်ဆိုသလို သူ့အတွေးတွေကို ဘရိတ်အုပ်လိုက်ရသညမ။ဘယ်လောက်တောင် ညစ်ညမ်းအောင် ကစားနေရလဲဟု၍ စိတ်ထဲမှသည် ကျိန်ဆဲလိုက်ရင်း ဘာကြောင့်မို့ ဒီငတုံးဦးနှောက်က ရိုးရိုးတန်းတန်းမေ့မပစ်နိုင်ရလဲ မေးခွန်းထုတ်နေမိ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now