2A1O Chapter《89》Final

7.6K 649 46
                                    


『 သူတို့တွေက အမြဲတမ်း ငယ်နေမှာ 』



ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေမယ့် မနက်ခင်း၌ ကျန်စုန့်ယိ ပေါ်ဟွိုက်ကို ဖုန်းဆက်ခဲ့သည်။

သူက " ကျောင်းသားရှောင်ပေါ်ရေ... ရွှေဇယားရဲ့ထိပ်စီး၊ မင်္ဂလာခန်းအမွှေးဖယောင်းတိုင်နဲ့ ဘဝရဲ့ ပျော်ရွှင်မှု ရှစ်ခုက မင်းအရှေ့ရောက်နေပြီ။ မင်းလိုချင်တာရနိုင်မလားဆိုတာက ဒီကနေ့ပေါ်မှာပဲ မူတည်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီးကြိုးစားပါ "

ပေါ်ဟွိုက်ကလဲ လေးနက်စွာဖြင့် " မပူပါနဲ့။ မင်္ဂလာခန်းအမွှေးဖယောင်းတိုင်လေးအတွက်ဆိုရင်တောင် ရွှေဇယားရဲ့ ထိပ်စီးမှာ ပါမှာပါ​။ ရှောင်ကျန်ကို အနာဂတ်မိသားစုရာထူးအတွက် ကြိုးစားဖို့ တောင်းဆိုလိုက်ပါတယ် "

" စိတ်မပူပါနဲ့ "

သူတို့နှစ်ယောက်ဟာ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ဘယ်သူက အဆင့်ပိုမြင့်မြင့် (မိသားစု)အိမ်ထောင်ဦးစီး ဖြစ်ရမယ်လို့လောင်းထားကြတာဖြစ်သည်။

အိမ်ထောင်ဦးစီးဖြစ်ရန်အတွက် ပေချန်မှပြန်လာပြီးနောက် ကျန်စုန့်ယိဟာ ပြင်းပြင်းထန်ထန် စာလေ့လာခဲ့ပြီး ပေါ်ဟွိုက်ထက်ပင် ရူပဘောလုံးကို ချစ်နေခဲ့သည်။ Heatကာလဖြစ်ချိန်မှာတောင် သူက မေးခွန်းပုံကြီးဖြင့်သာကုန်ဆုံးခဲ့ပြီး Alphaရဲ့ခန်းနားထည်ဝါလှတဲ့ ကိုယ်နေဟန်ထားတွေကို လုံးလုံးမှ မစဉ်းစားမိတော့ပါချေ။

သင်ကြားမှုဟာ Omegaကို Estrusဝင်နေမှန်းတောင် မေ့လျော့စေ​၏။

ပေါ်ဟွိုက်မှာ ရယ်ရခက်၊ငိုရခက်ပင်။

မည်သို့ဖြစ်စေ အနှီကြိုးစားအားထုတ်မှုတွေက နောက်ဆုံးမှာ အောင်မြင်ခဲ့ပါ​၏။

ကောလိပ်ဝင်ခွင့်စာမေးပွဲနေ့၌ ကျန်စုန့်ယိဟာ ယုံကြည်မှုရှိနေတာကြောင့် အရမ်း တည်ငြိမ်နေခဲ့သည်။

တစ်စုံတစ်ယောက်၏ ကြီးကြပ်မှုအောက်မှအမှတ်နှုတ်ခံရလေ့ရှိသည့် ဖြစ်ကတတ်ဆန်းလက်ရေး မှာ သေသေသပ်သပ်နှင့် ပျင်းနေကျ အဆင့်ရေးနည်းတွေကို စေ့စေ့စပ်စပ် အဆင့်ဆင့်လိုက် ရေးပြီး ၊ အဖတ်နားလည်နိူင်စွမ်းနှင့် ခေါင်းကိုက်စေသည့် စာသားသီကုံးမှုတွေကလဲ ပိုလွယ်လာ​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now