2A1O Chapter《71》

4.2K 762 103
                                    


" ရှဉ့်ကလေးက ငါ ; ငါက ရှဉ့်ကလေးလို့ "



ပြောပြီးသည်နှင့် ကျန်စုန့်ယိက ခေါင်းလေးကို ချစ်ဖို့ကောင်းစွာယိမ်းလိုက်သည်မှာ သူပြောဆိုသည်က လုံးလုံလောက်လောက် ချစ်စရာကောင်းအောင် မလုပ်ပေးနိုင်သည့်နှယ်ပင်။

ကြည့်ရှုနေသူများမှာ နေရာမှာတင် ကြက်သေသေလျက်။

သူတို့တွေ ရူးသွားကြပြီလား?

ခုလေးတင် လူတွေကို တိမ်ဝင်သွားအောင် ဖိနှိပ်ထားသည့် ကြောက်စရာ ကျောင်းအာဏာရှင်ကြီးကို နည်းနည်းလေး ချစ်ဖို့ကောင်းနေတယ်လို့ သူတို့ ဘာလို့များတွေးမိနေတာပါလိမ့်?

ဒါပေမယ့် သူကတကယ်ကို ချစ်စရာကောင်းနေတာ!

သူ နောက်နေတာများလား?

ဟုတ်လောက်ပါမည်။

ဒါဆို ကျန်စုန့်ယိက ရူးသွားတာလား? မဟုတ်ရင် သူတို့ကပဲ စိတ်ဖောက်ပြန်ကုန်ကြတာလား?

အမှန်တရားကို မသိကြသော ကြည့်နေသူများမှာ တချို့သော ဆင်တူကိုယ်ပိုင် သံသယတွေထဲကို တပြိုင်တည်း ကျသွားကြတော့​၏။

သူတို့ ဒီထက်ပိုပြီး မခန့်မှန်းနိုင်ခင်မှာပဲ သူတို့ရင်ထဲက မှတ်ယူထားသည့်အေးစက်၍ လူမဆန်ပါသော လူယုတ်မာကောင်က မှုန်တေနေသော ကျောင်းအနိုင်ကျင့်လေးအား ခါးမှ ဆွဲယူနှင့်ပြီးချေပြီ။ ပေါ်ဟွိုက်က ကျန်စုန့်ယိကို ရင်ခွင်ထဲ ထည့်လိုက်ပြီး ကြင်ကြင်နာနာပင် ခေါင်းလေးကို ပွတ်ပေးကာ နိမ့်၍ ညင်သာသောအသံဖြင့် ပြောလိုက်ပါ​၏။

" ဟုတ်ပြီ... ဖက်လိုက်ပြီ။ ခေါင်းမနာတော့ဘူးနော် "

..........

?

ဖက်တယ်?

ပေါ်ဟွိုက်က လက်ခံလိုက်တာလား?

ပြီးတော့ တအားချစ်နေတဲ့ အသံနဲ့ ပြောနေတယ်?

​တစ်ကြောင်းလောက်ထပ်ပြီးပြောရမှာတောင် အမြဲလိုလို ငြီးငွေ့တတ်တဲ ပေါ်ဟွိုက်က မမျှော်လင့်ပါဘဲ ဒီလိုမျိူး ချစ်စရာကောင်းတဲ့ ထပ်တူစကားလုံးကို ပြောလိုက်တယ်ပေါ့?

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now