2A1O Chapter 《23》

7.7K 1.1K 17
                                    


『မင်းကို ငါ့ပုခုံးငှားတယ်? ငါ့ပေါင်ကလဲ မေးခွန်းထုတ်စရာမရှိဘူး』



၎င်းမှာ ရန်စခြင်း အပြည့်နှင့် ဖြစ်နေသည်။

ဟွမ်မင်းက တောင်ပေါ်မှာကြီးပြင်းလာသူဖြစ်သည်။ သူက ဆင်းရဲသောကြောင့် ကျောင်းတတ်ဖို့လဲ မတတ်နိုင်ခဲ့သလို ဝလင်အောင်ပင် စားခွင့်မရခဲ့ချေ။ အသက်၁၃ ,၁၄မှာပင် အလုပ်လုပ်ဖို့ ထွက်လာခဲ့ရသည်။ သူက အများကြီးရိုက်နှက်ခံခဲ့ရပြီး အများကြီးလဲ ခံစားခဲ့ရ​၏။ ကံကောင်းစွာဖြင့် ဒီကိုရောက်လာခဲ့ခြင်းပင်။ သူ စစ်ထဲဝင်ပြီး နှစ်အနည်းငယ်ကို အဆိုးဝါးဆုံးဒေသများတွင်ဖြတ်သန်းခဲ့ရပြီး ဒဏ်ရာများကြောင့် စစ်တပ်ကနေ အနားယူခဲ့သည်။ ထို့နောက်မှာတော့ စစ်ရေးလေ့ကျင့်မှု အဖွဲ့အစည်းတွင် နည်းပြဖြစ်လာခဲ့သည်။

ထို့ကြောင့်သူက ဆင်းရဲဒုက္ခများကို ခံနိုင်ရည်ရှိခဲ့သူ ဖြစ်သည့်အလျောက် ရွှေဇွန်းကိုက် မွေးဖွားလာခဲ့သည့် ဒီလို သခင်ငယ်လေးများကို မြင့်မြင့်မားမားမတွေးနိုင်ပါချေ။

အထူးသဖြင့်အပြုအမူတို့ကို တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာသည့် သခင်ငယ်လေးလို့ ပြောနိုင်မည့် ကျန်စုန့်ယိလို လူမျိုးများကိုပင်။

မျက်စိထဲတွင် အဆင်မပြေဖြစ်နေပါလျှင်တောင် စင်စစ်တွင်တော့ သူဘာမှမလုပ်နိုင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူက ကြပ်မတ်ခံရမည့်သူဖြစ်သည်။ သို့သော် ကျန်စုန့်ယိက ခြင်္သေ့ပါးစပ်ထဲကိုတည့်တည့်ကြီး မောက်မာစွာနဲ့ လျှောက်လာခဲ့ပါလျှင် သူက ဒီအဆိုးလေးများကို ရိုက်ချသည်ကို အပြစ်တင်လို့မရပါချေ။

"သက်သာ! အာရုံစိုက်!"

"မင်းတို့ ဘယ်ဘက်နဲ့ ညာဘက်ကို ကြည့်လိုက်! ဘေးဘက်တွေကို တန်းညှိ! နံပါတ်ရေ!"

"သေနတ်တွေကို စစ်ဆေး! လိုအပ်တာတွေကို ရွေးထုတ်!"

"သေနတ်ပစ်ကွင်းမှာ နေရာယူ!"

အယ်လ်ဖာ အတန်းရှိ ၆၂ယောက်သော လူတို့မှာ တစ်ယောက်ပြီးတစ်ယောက် သေနတ်တွေကိုယူကာ လေ့ကျင့်ရေးကွင်းရှေ့ရှိပစ်ကွင်းတွင် စုဝေးသွားကြသည်။ ထို့နောက် ကျန် အယောက်၃၀၀ကမူ နေရာတွင်သာ ရပ်ကျန်ခဲ့ကြသည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now