2A1O Chapter《84》

4K 620 8
                                    

『 ကိုယ့်ကို စောင့်နေ 』

တရုတ်နှစ်သစ်ကူး​၏ ပထမဆုံးရက်၌ ပေါ်ဟွိုက်က ကျန်စုန့်ယိကို နှိူးခဲ့သည်။

ကျန်စုန့်ယိကဒါဟာ ကောင်းတဲ့ သင်္ကေတတစ်ခုလို့ထင်မိ​၏။

ထို့ကြောင့် သူက ပေါ်ဟွိုက် လည်ပင်းကို ချိတ်တွယ်လိုက်ပြီး ပြန်နမ်းလိုက်လေသည်။

" နန်ဖုန့်ယို~ ရှင်းနျန်ခွိုက်လဲ့ "

ပေါ်ဟွိုက်က သူ့ကို ငုံ့ကြည့်လာပြီး စာအိတ်နီတစ်အိတိထုတ်ကာ မျက်လုံးထောင့်တွေက ပြုံးရိပ်သမ်းနေပြီး " မင်း ကောင်လေးက ပေးတဲ့ နှစ်သစ်ကူး မုန့်ဖိုး "

စာအိတ်နီက တော်တော်လေးထူ​၏။

ကျန်စုန့်ယိ ကျေနပ်စွာယူလိုက်ပြီး ဖိကြည့်လိုက်လျှင် သိပ်မမှန်သလိုခံစားလိုက်ရသည်။ သူက မျက်ခုံးတွေကို သတိထားသလို ပင့်ကြည့်ပြီး ခပ်ယဲ့ယဲ့ပြောလာသည်။ " ပေါ်ဟွိုက်... ဒါ တရုတ်နှစ်သစ်ကူးနော် ပြဿနာမရှာနဲ့ "

ပေါ်ဟွိုက်က ကျန်စုန့်ယိရင်ထဲမှ သူ့ပုံရိပ်ဟာ တစ်ခုခုမှားနေခဲ့တာကို ခံစားမိပြီး ကူကယ်ရာမဲ့ ပြုံးလိုက်​၏။

" ငါက အဲ့လောက် ဆိုးနေပြီလား? ဖွင့်ကြည့်လိုက်.. ကောင်းတာလေးပါ "

ကျန်စုန့်ယိက သံသယများဖြင့် စာအိတ်ကိုဖွင့်ကာ လှုပ်လိုက်သည်။ သေသေသပ်သပ် ခေါက်ထားသည့် အဝတ်နီလေးတစ်ခု ထွက်ကျလာ​၏။

ကျန်စုန့်ယိဟာ အဝတ်နီလေးက အနည်းငယ်ရင်းနှီးသလို ခံစားရ​၏။သူ ဖြေကြည့်လိုက်မှ အဝတ်နီပေါ်မှာ စာတစ်ကြောင်းရေးထားလေသည်။

-- နှစ်စဉ်နှစ်တိုင်း မင်းနဲ့အတူရှိချင်တယ်။

လက်ရေးကလဲ သူရင်းနှီးတဲ့လက်ရေးဖြစ်နေသလို အဝတ်နီကလဲ သူရင်းနှီးတဲ့ အဝတ်သည်ပင်။

ဦးဦးကျစ်မျန်ရဲ့ နှစ်ပတ်လည်နေ့တုန်းက သူတို့နှစ်ယောက် ကျောင်းလစ်ပြီး လင်အန်းတောင်ကို သွားခဲ့ကြသည်။လမ်းခုလတ်မှာ ကလေးတွေနဲ့ ရှုပ်ယှက်ခတ်နေမှာကို မခံနိုင်တော့တာကြောင့် ဆုတောင်းကြိုး နှစ်ခုဝယ်ရန် ယွမ်ငါးဆယ်သုံးခဲ့ကြသည်။ ထို့နေ့က သူ့အားအင်တွေအကုန် စပျစ်ကျောက်ပေါ်မှာ ကုန်ခဲ့သော်လည်း သူဂရုမစိုက်ပေ။ ပေါ်ဟွိုက်ကထိုအဝတ်နီကို လွှင့်ပစ်လိုက်သည်ဟု ပြောရာ သူ ယုံခဲ့​၏။ သို့ပေမယ့် ပေါ်ဟွိုက်က သူ့ကို ထပ်လှည့်စားလိုက်သလို ဖြစ်ပြန်ပြီ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now