2A1O Chapter《68》

5.6K 727 17
                                    

" အချောဆုံးနှင့် ထိပ်ဆုံးကျောင်းသား​၏ ဒဏ္ဍာရီ "

သွားပြီ!

အဲ့ဒါ ပေါင်မင်ဟုန်ပဲ။

သူတို့တွေ ခေါင်းရိတ်ရတော့မယ် ။

အမှိုက်ကောင်ပေါ်ဟွိုက်! ဒါသူ့ကို တမင်သက်သက် ဆွဲဆောင်ခဲ့သူ့အမှားတွေချည်းပဲ ' ကျန်စုန့်ယိ တွေးလိုက်သည်။

သူ အရူးလုပ်ခံလိုက်ရပြီ!

ကျန်စုန့်ယိ စိတ်ထဲမှာ ထောင်ချီနေသော အတွေးတွေ ပေါ်လာရင်းပင် သူဟာ မြေပေါ်မှာ ကြက်သေသေလျက်။ တစ်ချိန်တည်းမှာပဲ သူ့လက်ချောင်းတွေက ပေါ်ဟွိုက်ကော်လာကို ကြမ်းကြမ်းရမ်းရမ်း ဆုပ်ကိုင်ထားမိဆဲ။

ပေါင်မင်ဟုန် တံခါးဖွင့်လိုက်သည်နှင့် နာမည်ကြီး ကျောင်းအနိုင်ကျင့်လေးက လူတောမတိုးတဲ့ ထိပ်ဆုံးကျောင်းသားလေးကို နံရံမှာဖိထားလျက် သူ့ကော်လာကိုလဲ ကြမ်းကြမ်း ဆွဲထားတာကို သူ တွေ့လိုက်ရ​၏။

သို့နှင့် သူဟာ အမြန်ပြေးသွားပြီး ကျောင်းသားနှစ်ယောက်ကို လူခွဲလိုက်ရလေသည်။ သူဟာ လက်မောင်းဖွင့်၍ ကျန်စုန့်ယိအား စိတ်မကောင်းဖြစ်စွာ ကြည့်လာ​၏​။ " မင်းက ဘယ်လိုတောင်မင်းထက်အားနည်းတဲ့လူကို အနိုင်ကျင့်နိုင်ရတာလဲ? "

ကျန်စုန့်ယိ : အားနည်းတယ်? ပေါင်မင်ဟုန်ဟာ ပေါ်ဟွိုက်ရဲ့ ကိုယ်လုံးကိုယ်ထည်ကို မှန်မှန်ကန်ကန်မခွဲနိုင်တော့တဲ့အထိကန်းနေပြီလား?

ပေါင်မင်ဟုန်ဟာ ပေါ်ဟွိုက်အကြောင်းကောင်းကောင်းမသိပေ၊ သူ့အဖေနဲ့ သူ့အဖိုးကလွဲရင်ပေါ့။ ပြီးတော့ သူကိုယ်တိုင်ကလဲ အေးစက်စက် ပုံစံ၊ လေးနက်သည့်အမူအရာတို့ဖြင့် စကားနည်း၍ မွှေပြီး ပြဿနာမရှာတတ်တဲ့ အဖြစ်မှန်တွေကိုလဲ သိထားရ​၏။

သို့သော် သူဟာ ကျန်စုန့်ယိကို ကောင်းကောင်းကြီးသိလေသည်။ ကျန်စုန့်ယိဟာ သူ့အဖေ ၊ သူ့အဖိုးထိ တစ်လျှောက်လုံးသူများနဲ့မတူအောင် ဉာဏ်ကောင်းသည့်တိုင် သူ့ကိုယ်သူ ပြဿနာထဲထည့်ဖို့ကိုတော့ ဘယ်တော့မှ မရပ်တန့်နိုင်ဘူး! သူဟာ စာသင်ခန်းမှာအိပ်သည်၊ အတန်းနောက်ကျမှရောက်သည်၊ ပြန်ရင်ကျ စောစောစီးစီးပြန်လေသည်။ သူဟာ ရန်ဖြစ်တတ်ပြီး ဆရာတွေကိုလဲအာခံတတ်ကာ နိုင်ငံတော်အလံတိုင်အောက်မှာတောင် အရူးလိုတွေ ပြောသေးတာ!

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now