2A1O Chapter 《8》

10.1K 1.4K 61
                                    

" ပေါ်ဟွိုက် အလာကို စောင့်ကြရအောင် ”

စွပ်ပြုတ်သည် မအေးပေ​။ သို့သော် ယနေ့အတွက်မူ ကျန်စုန့်ယိမကြိုက်တတ်သော ငါးကြင်းစွပ်ပြုတ်ဖြစ်သောကြောင့် သူက ဇွန်းဖြင့်သာမွှေနှောက်နေမိ​၏။ စာသင်ခန်းထဲက လောဘကြီးတဲ့ လူများကတော့ သူတို့​၏တွံတွေးများကို မြိုချနေရသည့်တိုင် သူ့အမူအရာကတော့သေလမ်းကိုလျှောက်နေရသော ကိုယ်ကျိူးစွန်ခံလူသားနှယ် အသက်မပါချေ။

ပေါ်ဟွိုက်မှာဆက်၍ မကြည့်နိုင်တော့။သူက မျက်မှန်ကိုချွတ်လိုက်၍ မျက်ခုံးများကို ကျုံ့လိုက်သည်။

"နောက်ဆုံးတော့ မင်းအသက်ကြီးလာသလောက် ဘာလို့မဖွံ့ဖြိုးရသလဲဆိုတာ ငါသိလိုက်ပြီ"

အသက်၁၇နှစ် နှင့် ၁.၈၃မီတာရှိသော ကျန်စုန့်ယိ : "..."

၁.၈၃မီတာ အရပ်အောက် နိမ့်သော လူများ : "...."

ကျန်စုန့်ယိက ဇွန်းကို ဘေးဘက်ပို့လိုက်သည်။

"ကောင်းကင်ကြီးပြည့်သွားအောင်ထိ ထွားဖို့လိုတာလား?"

"အန်တီက မင်းကအရမ်းပိန်နေတယ်လို့ပြောပြီး မင်းအတွက် အထူးလုပ်ပေးလိုက်တာ။ ဒါပေမဲ့ သူမက နံနံပင်နဲ့တရုတ်နံနံမထည့်ရလို့ ငါးအရသာပျောက်အောင် အချိန်အကြာကြီးယူလုပ်ထားရတာ"

ပေါ်ဟွိုက် လွယ်လွယ်ပင် ကျန်စုန့်ယိ​၏ အားနည်းချက်ကို တွေ့လိုက်ရသည်။

သေချာသလောက်ပင် ကျန်စုန့်ယိတစ်ယောက် အင်တင်တင်ဖြစ်နေသည့်တိုင် ခုထိ ဇွန်းကို ကိုင်ထားတုန်းဖြစ်ပြီး အသက်ရှူလိုက်၍ဖြည်းဖြည်းချင်း သောက်တော့သည်။

အချိန်တစ်ဝက်လောက်မှာပင် အတန်း​၏ မော်နီတာ ယန်ယွဲ့က တစ်ခုခုပြောချင်နေသည့်ပုံဖြင့် ရောက်လာခဲ့သည်။ သို့သော် ပေါ်ဟွိုက်ကမူစိတ်မပါသည့်ပုံစံဖြင့်သာကြည့်လာ၍ သူလည်ယ သူ့ပါးစပ်ကို ပိတ်ထားကာ သူ့ဘေးတွင် ရပ်နေလိုက်ပြီး သခင်ငယ်လေးစွပ်ပြုတ်သောက်ပြီးချိန်ထိ စောင့်နေလိုက်သည်။

ထို့နောက် သူကပြောလာသည်။

"လောင်ပိုင်နဲ့ လောင်ပေါင်က ဆရာရုံးခန်းကို လာဖို့ မင်းတို့နှစ်ယောက်ကို ရှာနေတယ်။ ရုံးခန်းကို သုံးမိနစ်အတွင်းမရောက်ရင် မင်းတို့ နှစ်ဆအပြစ်ပေးခံရမယ်တဲ့"

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now