2A1O Extra《3》

5.2K 582 40
                                    



『ကျွန်တော် ငယ်ဘဝတုန်းက 』



" ဟွန့် ဂလူး---ဟင့် ! "


ဘေးအိမ်က ပေါက်စီလေးဟာ တစ်ရေးတစ်မော အိပ်နေချိန်မှာ နှာမှုတ်လိုက်ရာ နှပ်ပူဖောင်းလေးပင် ထွက်လာခဲ့သည်။

ကျန်ရှောင်စုန့် နည်းနည်းစိတ်ညစ်နေသည်။

သူအိပ်မရတာကြောင့်နဲ့ လူးလိုက်လှိမ့်လိုက်ဖြစ်နေခဲ့ရ​၏။

တစ်မှေးအိပ်ရတာကို သူအရမ်းမုန်းတာ၊ သူတစ်မှေးအိပ်လိုက်ရင် ဟွိုက်ကောကောနဲ့ မဆော့ရတော့ဘူး။

ဒီလိုတွေးလိုက်ပြီး ကျန်ရှောင်စုန့်ဟာ အိပ်ရာကနေ တိတ်တိတ်လေး ထလိုက်​၏။ သူ လှည့်ပတ်ကြည့်လိုက်လျှင် သူ့ဘေးနားက မမလှလှက ရှိမနေ၊ ဒါကြောင့် သူက ဖင်လေးထောင်ကာ ကလေးကုတင်လေးမှ ခုန်ထွက်ပြီး တခြား အခန်းဖက်သို့ပြေးသွားခဲ့လေသည်။

ပေါ်ရှောင်ဟွိုက်ရဲ့ မျိူးရိုးအစက b' ဖြစ်လို့ ကျန်ရှောင်စုန့်ရဲ့ j' နဲ့ အက္ခရာတွေအများကြီး ခြားထား​၏။ ကုတင်နှစ်ခုကြားမှာ ကလေးတွေ အများကြီးလဲ ခြားထားသေးသည်။

ဒီအကြောင်းကြောင့် ကျန်ရှောင်စုန့်ဟာ သူ့နာမည်ကို ပေါ်ရှောင်စုန့်လို့ ခဏပြောင်းလိုက်ချင်ခဲ့သဖြင့် သူ့အဖေဒေါသတွေပေါက်ကွဲလုမတတ်ဖြစ်ခဲ့ရသေးသည်။


ဒီအကြောင်းပြချက်ကြောင့် အိမ်မှာ သားအဖနှစ်ယောက်ရန်ဖြစ်ခဲ့ကြသည်။ ကျန်ရှောင်စုန့်က မစ္စတာကျန်ထံမှ ဖင်လေးကို သာသာလေး တီးခံနေရချိန် မစ္စတာကျန်မှာတော့ အကြိမ်ပေါင်းများစွာ အကိုက်ခံခဲ့ရပြီး စာကြည့်ခန်းထဲမှာ နှစ်ညအိပ်ဖို့လဲ ဒဏ်ခတ်ခံခဲ့ရလေသည်။

မည်သို့ဖြစ်စေ မစ္စတာကျန်က ပြတ်ပြတ်သားသားနှင့်အလျှော့မပေးခဲ့သဖြင့် ကျန်ရှောင်စုန့် နာမည်ပြောင်းရာမှာ မအောင်မြင်ခဲ့ရပေ။

ကျန်ရှောင်စုန့်အဖို့ ပေါ်ရှောင်ဟွိုက် အိပ်ရာဘေးကို တောင်တွေမြစ်တွေကူး၍လျှောက်သွားရုံသာတတ်နိုင်တော့​၏။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now