2A1O Chapter《44》Zawgyi

3.6K 175 2
                                    


" အရဲစွန့်ဖို့ ဆန္ဒရှိပါတယ် "


ပေါ်ဟွိုက်သည် သူစိမ်းတွေချည်းကပ်မလာနိုင်ရဲသည့် မျက်နှာမျိုးရှိနှင့်ပြီးဖြစ်သော်ငြား အခု သူမပျော်ရွှင်စေသောအခါတွင်မူ လူတစ်ကိုယ်လုံးသည် ပို၍ပင် ဖဲကြဉ်ပြီး ဂရုမစိုက်ဟန် ပေါက်နေလေရာ မြူးကြွလျက်ရှိသော မာရသွန် ပြေးလမ်း​၏အပူချိန်ကို တိုက်ရိုက်လျော့ကျသွားစေခဲ့သည်။

သူက ကျန်စုန့်ယိနှင့် အကွာအဝေးတစ်ခုခြားပြီး ရှေ့မှာရပ်သည်။

"လောင်ပိုင်က မင်းကို ရှာနေတယ် " သူက အေးစက်စွာပြော၏။

သူတို့နှစ်ယောက်လုံးအရပ်ရှည်ပြီး ပတ်ပတ်လည်ရှိ မိန်းကလေးအစုလိုက်မှာ ၁.၆မီတာသာရှိသောကြောင့် သူတို့မျက်နှာတွေကို ကွယ်မနေခဲ့ပေ။ တစ်ဖက်မှာတော့ နားလည်ရခက်စွာပင် ပေါ်ဟွိုက် မပျော်နေတာကို ကျန်စုန့်ယိ မြင်နေရသည်။ ထို့ကြောင့် ချက်ချင်းသူ့ဆီကို လျှောက်သွားဆဲဖြစ်ပြီး မိန်းကလေးများကလဲ အလိုက်သိစွာ လမ်းဖယ်ပေးလိုက်ကြသည်။

မြောက်များစွာသော ရေခဲရေဗူးတွေကိုကိုင်ထားလျက် ကျန်စုန့်ယိက ပေါ်ဟွိုက်ထံ လျှောက်လို့လာသည်။

"မင်း ရေသောက်ချင်သေးလား?"

ပေါ်ဟွိုက်က တစ်ချက်ကြည့်၍ : " မင်းတကယ်ပြောနေတာလား"

"?"

"ဘယ်သူက မင်းကို ရေပေးလိုက်တာလဲ"

" ရေလေးတစ်ဘူးတင်ပါကွ! ကန်တင်းမှာ ၂ယွမ်နဲ့ ရောင်းနေတာပဲ မဟုတ်ဘူးလား?"

တကယ်ပဲ ဈေးကကိစ္စလား?

ပေါ်ဟွိုက်က ကျန်စုန့်ယိရဲ့ ရွှဲနစ်နေတဲ့ မျက်နှာပေါ်က ကူကယ်ရာမဲ့တဲ့အသွင်ကို ကြည့်နေလိုက်သည်။ :

" မင်းကိုရေပေးတဲ့ မိန်းကလေးတွေက မင်းကို ကြိုက်နေကြောင်းပြချင်တာလေ၊ ဒါကို မမြင်နိုင်ဘူးလား? "

"ဒါပေမယ့် ငါကOmegaပဲလေ၊သူတို့လဲ Omega တွေပဲ။ ကြိုက်ကြောင်းပြတော့ရော သူတို့အတွက် ဘာအသုံးဝင်လို့လဲ ? "

" သူတို့က မင်းက Omegaမှန်းသိလို့လား? "

"..."

" မင်းက အရူး ", ပေါ်ဟွိုက်က မညှာမတာပင် အမှန်တရား ကိုထုတ်ပြလိုက်၏။ သူက ကျန်စုန့်ယိ​၏ လက်မောင်းထဲရှိ ရေဘူးတွေကို ယူကာ ရွှီကျားရှင်းနဲ့ တခြားသူတွေကို ပေးလိုက်သည် ။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now