2A1O Chapter 《4》

12.4K 1.6K 47
                                    



"ကလေးလေး,ကိုယ့်ကိုယုံ..မင်း အမြဲတမ်းကြောက်နေရလိမ့်မယ်"


ကျန်စုန့်ယိ မနက်ခင်း နိူးလာသည့်အချိန်တွင် အေးစက်နေသည့် လူမရှိသောမီးဖိုချောင်နှင့် ထမင်းစားခန်းတို့ကို မြင်လိုက်ရလျှင် အတောင့်သားဖြစ်သွားရသည်။

ငါ့မနက်စာက ဘယ်မှာတုန်း?

'တင်းတောင်' ဟူသောအသံဖြင့် WeChat ကမြည်လာသည်။

မစ္စထျန် : [အန်တီက နေမကောင်းလို့ တစ်ပတ်လောက်နားမယ်လို့ပြောသွားတယ်။ အဲ့ဒါကြောင့် လမ်းလေးကိုဖြတ်ပြီး တစ်ခုခုသွားစားလိုက်နော်]

မစ္စထျန် : [စကားမစပ် မင်းဖေဖေက မေမေ့အတွက် ကိုယ်တိုင်လုပ်ပေးထားတဲ့ ဖယောင်းတိုင်မီးတွေနဲ့dinnerကို ပြဦးမယ်]

မစ္စထျန် : [Steak. jpg]

ငါက မတော်တဆလေး တစ်ခုပဲ ထင်ပါတယ်..

(TN / အဲ့လို အဲ့လို မတော်တဆပေါ့ အဟမ်း)

ကျန်စုန့်ယိမှာ ကမ္ဘာကြီးကသူ့အပေါ်မှာ အရမ်းရက်စက်နေသလိုခံစားလိုက်ရ​၏။

သူကလဲ မနက်စောစောကြီးကိူ အိမ်ကနေထွက်ပြီး စားဖို့သောက်ဖို့ အတွက်နဲ့ မသွားချင်ပါပေ။ မျက်နှာက အိပ်ရေးမဝသည့်အတွက် ခံပြင်းမှုအပြည့်နှင့် သူ့ဆံပင်တွေကို ကုတ်၍သာနေရသည်။

သူ ထီးကိုချိတ်ကာ ထွက်ခဲ့လိုက်ရာ အနက်ရောင် Bentleyကားက တံခါးဝမှာရပ်ထားသည်ကိုတွေ့လိုက်ရ​၏။

ကျေးဇူးပါ ဘုရားသခင်! သူဖို့ ဦးလေးကျန်းကိုတော့ ချန်ထားပေးခဲ့ကြတာပဲ...

ကျန်စုန့်ယိမှာ ဘဝတစ်သက်စာ သက်ပြင်းချလိုက်၍ ကားတံခါးကိုဖွင့်ဝင်လိုက်လျှင် သက်ပြင်းမှာ သူ့လည်ချောင်းတွင် တစ်,သွားလေသည်။

ဘာလို့ ပေါ်ဟွိုက်က သူ့ကားထဲရောက်နေတာတုန်း? Backseatကြီးမှာလဲ ထိုင်နေတယ်လေ? လက်ထဲမှာလည်း Lunch box နဲ့?

မနက်စောစောထ ထားရခြင်းအကျိူးဆက်အဖြစ် သူ့စိတ်ဟာ ကြည်လင်မနေပါချေ။ ကျန်စုန့်ယိခေါင်းတွင် မေးခွန်းများစွာပေါ်လာပြီးနောက် ပေါ်ဟွိုက်ဘေးတွင် ဝင်ထိုင်လိုက်ကာ တံခါးကိုပိတ်လိုက်သည်။

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Where stories live. Discover now