2A1O Chapter《22.1》

8K 1.1K 29
                                    


『ကျန်စုန့်ယိက ပထမခြေလှမ်းကို စလာလိမ့်မယ်လို့ ပေါ်ဟွိုက် ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး』



"ဒါပေမယ့် ပေါ်ဟွိုက်! ငါက သွေးအေးပြီး နှလုံးသားမရှိတဲ့ အရူးမဟုတ်ဘူး။ ဘယ်သူက ငါ့အပေါ်ကောင်းနေလဲဆိုတာ ငါမပြောပြနိုင်တာမျိူး မဟုတ်ဘူး"

ဒီစာကြောင်းလေးက ပေါ်ဟွိုက်ရင်ထဲကို မမှည့်သေးတဲ့ ဇီးသီးစိမ်းလေးအား ဖျော်ရည်အဖြစ် ညှစ်ချလိုက်သလို တိုးဝှေ့သွားခဲ့သည်မှာ ခြေဆံလက်ဆံလေးများမှ သွေးသားထဲထိစိမ့်ဝင်သွားသကဲ့သို့ပင်။ ၎င်းမှာ ခါးပေမယ့် ချိုချိုချဉ်ချဉ်လေးလဲ ဖြစ်နေသည်။

ယေဘုယျအားဖြင့် တစ်စုံတစ်ယောက်ကို ကြိုက်မိနေပြီဆိုပါက မင်းအနေနဲ့ မည်မျှပင် ဂရုစိုက်နေစေကာမူ ဖုံးကွယ်ဖို့ မဖြစ်နိုင်ပါချေ။

သူနှုတ်ခမ်းကို ကိုက်လိုက်မိပြီး တစ်စုံတစ်ခုကို ပြောဖို့ကြံရွယ်လိုက်ချိန်မှာပဲ ကျန်စုန့်ယိက သူ့ပါးစပ်တွေကို ထပ်မံ၍ဖွင့်လာခဲ့​၏။

"ဒီ နှစ်နည်းနည်းအတွင်းမှာ မင်းငါ့ကို အများကြီး ဂရုစိုက်ပေးခဲ့တယ်ဆိုတာငါသိတယ်။ ဒါကိုငါက ကောင်းတာနဲ့ ဆိုးတာ မခွဲခြားနေနိူင်တာမဟုတ်ဘူး။ ငါတို့တွေက ဘယ်တုန်းကမှ သဘောထားချင်းမတိုက်ဆိုင်ခဲ့ကြပေမယ့် ငါတို့ဆက်ဆံရေးက အမြဲတမ်းကွဲပြားနေခဲ့တာပဲ။ ငါ ငါ့ရင်ထဲကနေ သိနေတယ် ."

ပေါ်ဟွိုက် မျက်လွှာချလိုက်မိသည်။ သူတကယ်ပင် ကျန်စုန့်ယိကို ဘာကများ ကွဲပြားနေသလဲလို့ မေးကြည့်ချင်မိ​၏။

ကျန်စုန့်ယိက သူ့အမေးကို မစောင့်ပါဘဲ သူကိုယ်တိုင်ပြောလာခဲ့သည်။

"ငါတို့ငယ်ငယ်တုန်းက ငါ့မားပြောခဲ့သလိုပဲ! ဘယ်အိမ်က ညီအစ်ကိုတွေကများ ရန်မဖြစ်ဘဲနဲ့ ကြီးလာခဲ့ကြလို့လဲ?မင်းက ငါ့ကိုတမင်သက်သက်တော့ ရန်စတာမျိူးမလုပ်ခဲ့ဘူးလေ။ ဒါကြောင့် ဘာလို့ ငါက မင်းကို အကောင်းဆုံး ဘော်ဒါအဖြစ် မတွေးပဲ နေနိုင်မှာလဲ ?"

"..."

ဘယ်ငလူးက မင်းအစ်ကိုရမှာလဲ!!

ဘယ်ငလူးက အကောင်းဆုံးဘော်ဒါဖြစ်ရမှာလဲ!!!!

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်Wo Geschichten leben. Entdecke jetzt