2A1O Chapter 《17》

9K 1.2K 23
                                    

『Unicode 』

"ပေါ်ဟွိုက်က ဒီ ရူပဉာဏ်စမ်းကို ကြိုက်တယ်ပေါ့?"


လေထုမှာ အနည်းငယ် ထူးဆန်းသွားရ​၏။

ကံကောင်းထောက်မစွာနဲ့ လောင်ပိုင်က အချိန်မှီ စကားပြောလာသဖြင့် ကို့ရို့ကားရားနိုင်သည်ကို ချေဖျက်လိုက်နိုင်သည်။

"အတန်းမစခင်မှာ, တစ်ခုကြေငြာစရာရှိတယ်! အားလုံးသိကြတဲ့အတိုင်း NFLSရဲ့ အထက်တန်းတတိယနှစ်မှာ အစဉ်အလာတစ်ခုရှိတယ် ! ဘာလဲဆိုတော့ မင်းတို့ရဲ့ စိတ်ဆန္ဒတွေနဲ့ စိတ်ဓာတ်တွေမြှင့်တင်ဖို့ စစ်စည်းရုံးရေးပြိုင်ပွဲပဲ! ."

"ဒီနှစ် စီနီယာတန်းက တခြားနှစ်တွေထက် ဆိုးနေတာကြောင့် မင်းတို့ ဒါရိုက်တာပေါင် သင်ကြားခဲ့သလို ကျောင်းကလဲ မင်းတို့ကိုပြင်းပြင်းထန်ထန်စစ်ရေးလေ့ကျင့်ပေးဖို့ ဆုံးဖြတ်လိုက်တယ်! ပြိုင်ပွဲက Falcon Chick Base (သိမ်းငှက်ငယ်အခြေစိုက်စခန်း) မှာ အထူးငါးရက်တာ စစ်ရေးလေ့ကျင့်ရမယ်! လာမည့် စနေနေ့မှာ စတင်လိမ့်မယ်"

စာသင်ခန်းမှာ ဆိုးဆိုးရွားရွား မြည်တမ်းမှုများဖြင့် ပြည့်နှက်သွားလေသည်။

"တတိယနှစ်က အချိန်တွေအများကြီးမရှိဘူးလို့ ဆရာတို့ မပြောခဲ့ဘူးလား!? အဲ့ဒါဆို ဒါတွေက ဘယ်လိုတောင်ရူးတဲ့ဟာမျိူးတွေလဲလို့?"

"တခြားကျောင်းတွေဆို စစ်ရေးလေ့ကျင့်တာက ပထမနှစ်တွေမှာပဲရှိကြတာ! ကျွန်တော်တို့ကျောင်းသာ တတိယနှစ်တွေဖြစ်နေတာ။ကျွန်တော်တို့ကို အသေသတ်ဖို့ကြိုးစားနေတာမလား?."

"ငါတော့ စာမေးပွဲဖြေချင်တယ်, စာမေးပွဲငါးရင်ဖြေရမယ်ဆိုရင်လဲ ကိစ္စမရှိပါဘူး"

"ငါရောပဲ,စာဖြေရတာ ကိစ္စမရှိဘူး"

လောင်ပိုင်က ပထမတန်းကကျောင်းသားကို ဖောင်တစ်ရွက်ပေးလိုက်ပြီး ဖြည်းဖြည်းပဲဆိုလာသည်။

"ဒီတစ်ခါ မင်းတို့ လုပ်ရမဲ့ ပြင်ဆင်စရာတွေက အရှူံးမရှိပါဘူး! မင်းတို့တွေ နူံးခွေပြီး ဖျားနာနေကြတာ မြင်ရတာများ, ဘာလို့ မင်းတို့ကိုယ်မင်းတို့ ကောင်းကောင်းမလေ့ကျင့်ကြတာလဲ? ငါတော့ မင်းတို့တွေ ကောလိပ်စာမေးပွဲ သွားတဲ့လမ်းမှာ မေ့လဲကုန်မှာ စိုးမိတယ် "

Alphaနှစ်ယောက်တွေ့ပြီဆို,တစ်ယောက်ကOmegaဖြစ်ရမယ်|| ဘာသာပြန်حيث تعيش القصص. اكتشف الآن